Monday, June 15, 2015

XIOMI YOU THINK

ရုတ် ကုမ္ပဏီတစ်ခုဖြစ်တဲ့ Xiaomi ဟာ ကမ္ဘာတစ်ဝှမ်းရှိ သုံးစွဲသူတွေကို ဆွဲဆောင်နိုင်ခဲ့ တာဟာ ခုဆို အဆင့် ၅နေရာကို ရောက်ရှိနေပြီဖြစ်ပါတယ်။ စွန့် ဦးတီထွင်သူ Lei Jun က ၂၀၁၀ ခုနှစ် ဧပြီလ ၆ရက်နေ့ တွင် စတင် တည်ထောင်ခဲ့တဲ့ ကုမ္ပဏီဖြစ်ပြီး ယခုဆိုရင် သူဟာ ကုမ္ပဏီ ဥက္ကဌ CEO တစ်ယောက် လည်း ဖြစ်နေပြီ ဖြစ်ပါတယ်။ Xiaomi ကုမ္ပဏီ ၅နှစ်ပြည့် အထိမ်းအမှတ် အနေဖြင့် Xiaomi နှင့် ပတ်သတ် ၍ စိတ်ဝင်စားစရာကောင်းတဲ့ အချက် ၅ချက်ကို ဖော်ပြပေးပါမယ်။ 
၁။ Name : Xiaomi ဆိုသော အမည်မှာ “Little rice” ဆိုတဲ့ တရုတ် စကားဖြစ်ပြီး “Xiao” ဆိုသည်မှာ “little” ၊ “mi” ဆိုသည်မှာ “Rice” ဟူသော အဓိပ္ပါယ်ဖြစ်ပါသည်။ ထိုအဓိပ္ပါယ်အပြင် အခြားသော တရုတ် အဓိပ္ပါယ် များစွာလည်း ရှိပြီး အသံထွက် မှာ လည်း ကွဲပြားသွားပါတယ်။ Xiaomi VP Hugo Barra သည် ရိုးရှင်းပြီး လွယ်ကူရန်အတွက် “Show me” လို တွေးကြည့်ပါလို့ ပြောခဲ့ပြီး ထိုကဲ့သို့ပင် အသံ ထွက် ခဲ့ပါ တယ်။ ထို့အပြင် Xiaomi ရဲ့  Logo မှာ “mi” ဖြစ်ပြီး အဓိပ္ပါယ်မှာ “mission impossible” ဟူသော အဓိပ္ပါယ်ဖြစ် ပါတယ်။ ၂။ Mascot : Xiaomi ရဲ့ ကံကောင်းစေဖို့ ပြုလုပ်ထားတဲ့ ယုန်ရုပ်လေးကို Mitu လို့ခေါ်ပြီး Ushanka (Lei Feng) ဦးထုပ်လေး ဆောင်းပေးထားပါတယ်။
ဦးထုပ်တွင် အနီရောင် ကြယ်လေး ပါဝင်ပြီး လည်ပင်းတွင်လည်း အနီရောင် လည်ပတ်လေး ပတ်ပေးထားပါတယ်။ ၃။ Apple comparison : Xiaomi ကို တရုတ် Apple လို့ ခေါ်ဆို၍ ရပြီး Apple ကုန်ပစ္စည်းများဖြင့် ယှဉ်ပြိုင်နေနိုင်ပြီ ဖြစ်ပါတယ်။ CEO Lei Jun ကိုလည်း “ တရုတ် Steve Jobs” လို့လည်း ခေါ်ဆိုကြပါတယ်။ ၄။ Google Connection : Xiaomi ရှိ ဦးဆောင်သူ ကိုးဦးတွင် ex-Googler များ ပါဝင်ပြီး သူတို့မှာ- co-founder ဥက္ကဌ ဖြစ်သူ Lin Bin, co- founder ဒုတိယ ဥက္ကဌဖြစ်သူ Hong Feng နှင့် ဒုတိယ ဥက္ကဌဖြစ်သူ Hugo Barra တို့ ဖြစ် ပါ တယ်။ ၅။ Profit vs revenue : Xiaomi ဟာ ရောင်းအား အကောင်းဆုံး ဖုန်းကုမ္ပဏီဖြစ်ပေမယ့် ရရှိတဲ့ အကျိုး အမြတ်မှာမူ အလွန်ပင် နည်းပါးနေ ပါသေးတယ်။ 
၂၀၁၃ ခုနှစ်တွင် အမေရိကန်ဒေါ်လာ ၄.၃ဘီလီယံ ခန့် ရောင်းချ ခဲ့ရပြီး အမြတ်ငွေ မှာ အမေရိကန်ဒေါ်လာ ၅၆ မီလီယံသာ ရရှိခဲ့ပါတယ်။ ၂၀၁၄ တွင်မူ အမေရိ ကန်ဒေါ်လာ ၁၁.၉၇ ဘီလီယံခန့် ရောင်းချ ခဲ့ရပြီး အမြတ်ငွေကိုမူ ရှင်းရှင်း လင်းလင်း မသိရသေးပါ။

No comments:

Post a Comment