Monday, June 15, 2015

ALL SIM CARD INTERNET SPEED OOREDOO IS FASTER

မန်မာနိုင်ငံရဲ့ မိုဘိုင်းလ် အင်တာနက် စနစ် အတွက် MPT ၊ Telenor နဲ့ Ooredoo ၀န်ဆောင်မှု ကုမ္မဏီကြီး ၃ ခု ရှိရာမှ လက်ရှိ စစ်ဆေး လေ့လာမှုတွေအရ Ooredoo ကုမ္မဏီ ရဲ့ မိုဘိုင်းလ် အင်တာနက် ၀န်ဆောင်မှု ဟာ မြန်နှုန်း အမြင့်ဆုံးဖြစ်နေတာကို တွေ့ရှိရပါတယ်။

လက်ရှိ ထို ကုမ္မဏီ ကြီး ၃ခု ရဲ့ ထုတ်လွှင့်ပေးနေတဲ့ မြန်နှုန်း ပမာဏတွေအရ Telenor ရဲ့ My Internet ဟာ 500 Kbps အထိ သာ မြန်နှုန်းရှိနေပြီး Smart Internet ၀န်ဆောင်မှုကတော့ 2 Mbps အထိ မြန်နှုန်းရှိနေပါတယ်။

MPT ရဲ့ ဆွေသဟာ အစီအစဉ်ကတော့ မြန်နှုန်းမြင့် အင်တာနက်ဝန်ဆောင်မှုတစ်မျိုးဖြစ်ပြီး Ooredoo ရဲ့ အင်တာနက် ၀န်ဆောင်မှု ပမာဏ ကဲ့သို့ပင် မြန်နှုန်း ပမာဏ ကို ဖော်ပြထားခြင်းမရှိပါဘူး။ ဒါကြောင့် Telenor ရဲ့ အင်တာနက် ၀န်ဆောင်မှု မြန်နှုန်းကို အမြင့်ဆုံး 2Mbps အဖြစ် သိရှိခဲ့ရပြီး MPT နဲ့ Ooredoo ရဲ့ မြန်နှုန်းပမာဏ ကို တော့ မသိရှိရသေးပါဘူး။

Google Play Store က ရရှိထားပြီး အင်တာနက် မြန်နှုန်း ပမာဏ တိုင်းတာ တဲ့ SPEEDTEST ဆိုတဲ့ App တစ်ခု ကို အသုံးပြုပြီး စမ်းသပ်ကြည့်လိုက်တဲ့အခါမှာတော့ MPT ရဲ့ မြန်နှုန်း ပမာဏ ဟာ 4Mbps အထိ ရရှိတာကိုတွေ့ခဲ့ရပြီး Ooredoo ကတော့ 6.67Mbps အထိ မြန်နှုန်း ပမာဏ ရရှိနေတာကိုတွေ့ရပါတယ်။ 
ဒီလို မြန်နှုန်းပမာဏ ဟာ ကွန်ရက် ထုတ်လွှတ်ပေးနေတဲ့ တာဝါတိုင် အကွာ အဝေးနဲ့တော့ သက်ဆိုင်ပါတယ်။ သို့သော်လည်း Telenor ရဲ့ အင်တာနက် မြန်နှုန်း ပမာဏ ဟာ 2Mbps အထိ ကန့်သတ်ထားတာ ဖြစ်တဲ့အတွက် တာဝါတိုင်နဲ့ အနီးဆုံးမှာ သုံးနေပေမယ့်လည်း 2Mbps အထိပဲ ရရှိမှာဖြစ်ပါတယ်။ MPT နဲ့ Ooredoo ရဲ့ မြန်နှုန်းပမာဏကတော့ ကန့်သတ်ထားခြင်းမရှိတဲ့အတွက် မတူညီတဲ့ ပမာဏ တွေကို ရရှိနိုင်တာဖြစ်ပါတယ်။
ဒါဟာ သစ်ထူးလွင်(နည်းပညာ) ဘလော့ဂ် စာမျက်နှာ ရဲ့ SPEEDTEST ဆိုတဲ့ app ကို အသုံးပြုပြီး တိုင်းတာ ရေးသားထားခြင်းသာဖြစ်ပါတယ်။ 

1 comment: