လူ့ကိုယ်အင်္ဂါအစိတ်အပိုင်းတွေကို အစားထိုးနိုင်မယ့်
ဆီလီကွန်ချိပ်စ်ပြားတွေကို သိပ္ပံပညာရှင်တွေက တီထွင်ခဲ့တဲ့အတွက် ဒါဟာ
ဆေးပညာရဲ့ တက်လမ်းသစ်တွေပဲ ဖြစ်ပါတယ်။
ဤစီမံကိန်းဟာ လန်ဒန် ဒီဇိုင်းပြတိုက်က ကြီးမှူးကျင်းပခဲ့တဲ့ ၂၀၁၅ခုနှစ် ဒီဇိုင်းပြိုင်ပွဲမှာ ဆုရရှိခဲ့ပါတယ်။
၎င်းချိပ်စ်ရဲ့ လုပ်ဆောင်ချက်တွေကြောင့် Google ရဲ့ အလိုအလျောက်မောင်းကားကိုလည်း နန်းချပစ်ခဲ့ပါတယ်။
ဤတီထွင်မှုဟာ သိပ္ပံနယ်ပယ်မှာ အခြားသော အလားတူကြိုးပမ်းအားထုတ်မှုတွေထက် ပိုပြီး အရေးပါတယ်လို့လည်း ဖော်ပြခြင်းခံခဲ့ရပါတယ်။
ယခုဆီလီကွန်ချိပ်စ်ပြားဟာ လူသားအဆုတ်ရဲ့ လုပ်ဆောင်ချက်တွေအတိုင်း
အတိအကျထပ်တူ လုပ်ဆောင်ပေးပြီး Harvard တက္ကသိုလ်၊ Wyss ကောလိပ်မှ
သိပ္ပံပညာရှင်တွေက တီထွင်ထုတ်လုပ်ခဲ့တာ ဖြစ်တယ်လို့ သိရပါတယ်။
“Human-Body-on-Chips”
လို့ အမည်ဆန်းဆန်းပေးထားပြီး လူသားအဆုတ်ရဲ့ ခန္ဓာဗေဒဆိုင်ရာ
လုပ်ဆောင်ချက်တွေနဲ့ ထပ်တူကျတဲ့ ပထမဆုံးသော ဆီလီကွန်ချပ်စ်ပြား တီထွင်မှုဆီ
ဦးဆောင်နိုင်ခဲ့ပါတယ်။
ဒီရှာဖွေတွေ့ရှိမှုဟာ ဆေးပညာပိုင်းက နောက်ထပ်စာရင်းသွင်းနိုင်မယ့်
အနာဂတ်အောင်မြင်မှုများဆီသို့ သိပ္ပံပညာရှင်တွေရဲ့ အိပ်မက်တွေနဲ့
မျှော်လင့်ချက်တွေကို လောင်စာဆီလောင်းပေးလိုက်သလိုပဲ ဖြစ်ပါတယ်။
No comments:
Post a Comment