Saturday, June 27, 2015

Fast & Furiois

ဟောလီးဝုဒ် သရုပ်ဆောင်တွေဖြစ်ကြတဲ့ Vin Diesel ၊ Michelle Rodriguez ၊ Tyrese Gibson နဲ့ Jason Statham တို့ဟာ Universal Studios Hollywood က ပြုလုပ်တဲ့ Fast & Furiois ပုံစံ ရွေ့လျား 3D ရုပ်ရှင် ဖွင့်ပွဲ တက်ရောက်ပြီး စမ်းသပ်ကြည့်ရှုခဲ့ကြပါတယ်။

အဂါင်္နေ့ကပြုလုပ်တဲ့ ထို မိတ်ဆက်ပွဲစဉ်မှာတော့ Fast & Furious သရုပ်ဆောင်တွေဟာ ရုပ်ရှင်ဖြစ်မြောက်အောင် ဖန်တီးသူများ ၊ ထုတ်လုပ်ရေး အမှုဆောင်များနဲ့ အတူ Fast & Furious Supercharged ကို စမ်းသပ်ကြည့်ရှုခဲ့ကြတာပဲ ဖြစ်ပါတယ်။

Fast & Furious Superchared ဟာ ဘတ်စ်ကား တစ်စီးပေါ်မှာ ကြည့်ရှုသူတွေကို ရှိနေစေပြီး ၃၆၀ ဒီဂရီ ရှိတဲ့ မျက်နှာပြင်များနဲ့ ၀န်းရံထားကာ  hologramနည်းပညာ နဲ့ မူလ ဇာတ်လမ်းကို အခြေခံထားတဲ့ ဇာတ်ကောင်တွေရဲ့ 3D ပုံရိပ်တွေနဲ့ Fast & Furious ဇာတ်ဝင်ခန်းထဲကိုယ်တိုင်ရောက်ရှိသွားသလို ခံစားနိုင်စေရန် ဖန်တီးပြုလုပ်ထားတာဖြစ်ပါတယ်။

ပထမဆုံး အကြိမ် စမ်းသပ်ကြည့်ရှုခဲ့ပြီးတဲ့နောက်မှာ Vin Diesel က "Wow အရမ်းမိုက်ပါတယ်။ ဒါဟာ တစ်ကယ် ကို အမှတ်ရစရာပါ ၊ ကျွန်တော် တွေ့ဖူးသမျှ တွေနဲ့ လုံးဝမတူပါဘူး ။ ဒါကို ကြည့်ပြီးသွားတဲ့သူတိုင်းက နောက်တစ်ခါထပ်လုပ်လို့ရမလား လို့ မေးစရာပါ " လို့ မှတ်ချက်ပြုခဲ့ပါတယ်။

Vin Diesel က ထို 3D ရုပ်ရှင်ကို သူ့ရဲ့သားဖြစ်သူနဲ့အတူကြည့်ခဲ့တဲ့အခါမှာ သူ့ရဲ့သားက " အဖေ ကို ၂ ယောက်စာတွေ့လိုက်ရတယ်။ ဒါမျိုးတစ်ခါမှ မတွေ့ခဲ့ဖူးဘူး" လို့ Vin Diesel ကိုပြောခဲ့ပါတယ်တဲ့။

Wikipedia ရဲ့ ပုံနှိပ်ဗားရှင်း ကို ဒေါ်လာ ၅ သိန်း နဲ့ ရောင်းမည်

အွန်လိုင်း စွယ်စုံ ကျမ်း တစ်ခုဖြစ်တဲ့ Wikipedia ရဲ့ ပုံနှိပ် ဖော်ပြထားတဲ့ ဗားရှင်း တစ်ခုကို ဒေါ်လာ ၅၀၀၀၀၀ နဲ့ ရောင်းချသွားမယ်လို့ သိရပါတယ်။
အကြောင်းအရာပေါင်း ၁၁.၅ သန်း ပါဝင်တဲ့ ထို ဧရာမ စာအုပ်ဟာ  ပုံနှိပ်ဖော်ပြနိုင်ဖို့အတွက် 11GB ပမာဏ ရှိတဲ့ ဒစ်ဂျစ်တယ် ဖိုင်တွေကို စုစည်းခဲ့ရပါတယ်။
ထိုစာအုပ်ကိုတော့ Wikipedia ရဲ့ အယ်ဒီတာ တစ်ယောက်ဖြစ်တဲ့ Michael Mandiberg က ဖန်တီး ခဲ့တာ ဖြစ်ပြီး နယူးယော့ခ်မြို့က Denny ပြခန်းမှာ ကျင်းပတဲ့ ပြပွဲ တစ်ခုမှာ ခင်ကျင်းရောင်းချနိုင်ဖို့အတွက် အွန်လိုင်း ဆိုက် ကို ပုံနှိပ်စာအုပ်တစ်ခုအပြင် ပြောင်းလဲနိုင်မယ့် ဆော့ဝဲလ်ကိုလည်း Michael Mandiberg က ပဲ တီထွင်ခဲ့တာဖြစ်ပါတယ်။ ထို စာအုပ်မှာတော့ စာမျက်နှာပေါင်း ၅ သန်းကျော်ပါဝင်မယ် လို့ သိရပါတယ်။
"wikipedia ရဲ့ အကြောင်းအရာတွေ ကို ပိုပြီးစိတ်ဝင်စားလာအောင် နဲ့ သုတစွယ်စုံကျမ်းတစ်ခုကို စာအုပ်တစ်ခုအသွင်ပြောင်းဖို့ မဖြစ်နိုင်တာကိုကောလုပ်ပြခဲ့တာဖြစ်ပါတယ်။ စာအုပ်တစ်အုပ်ရောင်းပြီးတိုင်း နောက်ထပ်ဝယ်လို့မရနိုင်တော့ပါဘူး ၊ ကုန်သွားပါပြီ" လို့ Mandiberg က ဆိုပါတယ်။
ထို ဧရာမစာအုပ်ကိုတော့ စာအုပ်တွေရောင်းချတဲ့ ၀က်ဘ်ဆိုက်ဖြစ်တဲ့ Lulu.com ကတစ်ဆင့် ရောင်းချသွားမှာ ဖြစ်ပါတယ်။ ထို စာအုပ်ကို ၀က်ဘ်ဆိုက်ပေါ်တင်နေတဲ့ ကြာချိန်က ၂ ပတ်ခန့် ကြာမြင့်မှာ ဖြစ်ပါတယ်။
ဒေါ်လာ တစ်သန်း ရဲ့ တစ်ဝက် ရှိတဲ့ ငွေကြေးပမာဏ ကို သုံးစွဲနိုင်မယ်ဆိုရင်တော့ စာအုပ်ပေါင်း ၇၅၀၀ တွဲထားတဲ့ သုတစွယ်စုံကျမ်း စာအုပ်ကြီးကို ရရှိမှာ ဖြစ်ပါတယ်။ ကိုယ့်ဘာသာကိုယ် အိမ်မှာ ပုံနှိပ်ကြည့်မယ်ဆိုရင်တောင် စာရွက်ဖိုးနဲ့တင် စတာလင်ပေါင် ၅၀၀၀၀ လောက်ကျသင့်နေမှာ ဖြစ်ပါတယ်။
အကယ်၍ သင်ဟာ စာအုပ်ပေါင်း ၇၅၀၀ လုံးကို ၀ယ်ယူဖို့မတတ်နိုင်ပဲ တစ်အုပ်ချင်းသာ ၀ယ်ယူချင်တယ်ဆိုရင်တော့ ထို ၀က်ဘ်ဆိုက်မှာပဲ တစ်အုပ်ကို ဒေါ်လာ ၈၀ နဲ့ ရောင်းချမှာ ဖြစ်တယ်လို့ သိရပါတယ်။

လူ့ကိုယ်အင်္ဂါအစိတ်အပိုင်းတွေကို အစားထိုးပေးမယ့် ဆီလီကွန်ချိပ်စ်ပြား

လူ့ကိုယ်အင်္ဂါအစိတ်အပိုင်းတွေကို အစားထိုးနိုင်မယ့် ဆီလီကွန်ချိပ်စ်ပြားတွေကို သိပ္ပံပညာရှင်တွေက တီထွင်ခဲ့တဲ့အတွက် ဒါဟာ ဆေးပညာရဲ့ တက်လမ်းသစ်တွေပဲ ဖြစ်ပါတယ်။

 ဤစီမံကိန်းဟာ လန်ဒန် ဒီဇိုင်းပြတိုက်က ကြီးမှူးကျင်းပခဲ့တဲ့ ၂၀၁၅ခုနှစ် ဒီဇိုင်းပြိုင်ပွဲမှာ ဆုရရှိခဲ့ပါတယ်။

၎င်းချိပ်စ်ရဲ့ လုပ်ဆောင်ချက်တွေကြောင့် Google ရဲ့ အလိုအလျောက်မောင်းကားကိုလည်း နန်းချပစ်ခဲ့ပါတယ်။

ဤတီထွင်မှုဟာ သိပ္ပံနယ်ပယ်မှာ အခြားသော အလားတူကြိုးပမ်းအားထုတ်မှုတွေထက် ပိုပြီး အရေးပါတယ်လို့လည်း ဖော်ပြခြင်းခံခဲ့ရပါတယ်။

ယခုဆီလီကွန်ချိပ်စ်ပြားဟာ လူသားအဆုတ်ရဲ့ လုပ်ဆောင်ချက်တွေအတိုင်း အတိအကျထပ်တူ လုပ်ဆောင်ပေးပြီး Harvard တက္ကသိုလ်၊ Wyss ကောလိပ်မှ သိပ္ပံပညာရှင်တွေက တီထွင်ထုတ်လုပ်ခဲ့တာ ဖြစ်တယ်လို့ သိရပါတယ်။

Human-Body-on-Chips” လို့ အမည်ဆန်းဆန်းပေးထားပြီး လူသားအဆုတ်ရဲ့ ခန္ဓာဗေဒဆိုင်ရာ လုပ်ဆောင်ချက်တွေနဲ့ ထပ်တူကျတဲ့ ပထမဆုံးသော ဆီလီကွန်ချပ်စ်ပြား တီထွင်မှုဆီ ဦးဆောင်နိုင်ခဲ့ပါတယ်။

ဒီရှာဖွေတွေ့ရှိမှုဟာ ဆေးပညာပိုင်းက နောက်ထပ်စာရင်းသွင်းနိုင်မယ့် အနာဂတ်အောင်မြင်မှုများဆီသို့ သိပ္ပံပညာရှင်တွေရဲ့ အိပ်မက်တွေနဲ့ မျှော်လင့်ချက်တွေကို လောင်စာဆီလောင်းပေးလိုက်သလိုပဲ ဖြစ်ပါတယ်။

GOOGLE FREE WIFI

သုံးမကျလှတဲ့ Wireless အင်တာနက် အသုံးပြုခွင့်အတွက် ဈေးကြီးလှတဲ့ ကော်ဖီတွေကို ကျွန်ုပ်တို့ ထပ်ပြီး ၀ယ်သောက်နေစရာ အချိန်အများကြီး မလိုတော့ပါဘူး။

Google ဟာ နယူးယော့ခ်မြို့မှာ WiFi အခမဲ့ ၀န်ဆောင်မှု စတင်ပေးတော့မှာ ဖြစ်ပြီး မကြာမီမှာပဲ ကမ္ဘာတစ်ဝှမ်းလုံး ကို အင်တာနက် အခမဲ့ဝန်ဆောင်မှု ပေးသွားတော့မှာ ဖြစ်တယ်လို့ သိရပါတယ်။
အင်တာနက် ၀န်ဆောင်မှုတွေ ဆောင်ရွက်နေတဲ့ နည်းပညာ ကုမ္မဏီ ကြီး Google ဟာ ထို အခမဲ့ WiFi ၀န်ဆောင်မှုကိုတော့ Sidewalk Labs လို့ခေါ်တဲ့ ကုမ္မဏီ နာမည်နဲ့ နယူးယော့ခ်မြို့မှာ လုပ်ဆောင်သွားမှာ ဖြစ်ပြီး WiFi အခမဲ့ဝန်ဆောင်မှုပဲ သီးသန့်ပေးမယ့် ကုမ္မဏီ ဖြစ်တယ်လို့ သိရပါတယ်။
Google ဟာ ထိုဝန်ဆောင်မှု အတွက် Apple ရဲ့ ကြီးမားလှတဲ့ ယာယီမဏ္ဍပ်(Booth) ၁၀၀၀၀ ကျော်ကနေတစ်ဆင့် ကြော်ငြာတွေပါ ပြသမယ့် အခမဲ့ Wifi တာဝါတိုင်တွေအဖြစ် ထောက်ပံ့ပေးပြီး နည်းပညာသစ်နဲ့ ၀န်ဆောင်မှု ပေးသွားမှာ ဖြစ်တယ်လို့ သိရပါတယ်။
ထို ယာယီမဏ္ဍပ်တွေမှာတော့  ဖုန်းအားသွင်းခြင်း ၊ ပြည်တွင်း အခမဲ့ ဖုန်းခေါ်ဆိုခွင့်နဲ့ မြို့ရဲ့တည်နေရာ တွေ သိရှိနိုင်ဖို့အတွက် ကြီးမားတဲ့ Touch Screen တစ်ခုကိုလည်း ပံ့ပိုးပေးထားမှာ ဖြစ်ပါတယ်။ 
Bloomberg သတင်းဌာန ရဲ့ ဖော်ပြချက်အရတော့ ထိုတာဝါတိုင်တွေဟာ နယူးယော့ခ် တစ်မြို့လုံးကို လာမယ့် ဆောင်းတွင်းမှာ စတင် အခမဲ့ ၀န်ဆောင်မှု ပေးသွားမှာ ဖြစ်တယ်လို့ သိရပါတယ်။

Monday, June 15, 2015

ALL SIM CARD INTERNET SPEED OOREDOO IS FASTER

မန်မာနိုင်ငံရဲ့ မိုဘိုင်းလ် အင်တာနက် စနစ် အတွက် MPT ၊ Telenor နဲ့ Ooredoo ၀န်ဆောင်မှု ကုမ္မဏီကြီး ၃ ခု ရှိရာမှ လက်ရှိ စစ်ဆေး လေ့လာမှုတွေအရ Ooredoo ကုမ္မဏီ ရဲ့ မိုဘိုင်းလ် အင်တာနက် ၀န်ဆောင်မှု ဟာ မြန်နှုန်း အမြင့်ဆုံးဖြစ်နေတာကို တွေ့ရှိရပါတယ်။

လက်ရှိ ထို ကုမ္မဏီ ကြီး ၃ခု ရဲ့ ထုတ်လွှင့်ပေးနေတဲ့ မြန်နှုန်း ပမာဏတွေအရ Telenor ရဲ့ My Internet ဟာ 500 Kbps အထိ သာ မြန်နှုန်းရှိနေပြီး Smart Internet ၀န်ဆောင်မှုကတော့ 2 Mbps အထိ မြန်နှုန်းရှိနေပါတယ်။

MPT ရဲ့ ဆွေသဟာ အစီအစဉ်ကတော့ မြန်နှုန်းမြင့် အင်တာနက်ဝန်ဆောင်မှုတစ်မျိုးဖြစ်ပြီး Ooredoo ရဲ့ အင်တာနက် ၀န်ဆောင်မှု ပမာဏ ကဲ့သို့ပင် မြန်နှုန်း ပမာဏ ကို ဖော်ပြထားခြင်းမရှိပါဘူး။ ဒါကြောင့် Telenor ရဲ့ အင်တာနက် ၀န်ဆောင်မှု မြန်နှုန်းကို အမြင့်ဆုံး 2Mbps အဖြစ် သိရှိခဲ့ရပြီး MPT နဲ့ Ooredoo ရဲ့ မြန်နှုန်းပမာဏ ကို တော့ မသိရှိရသေးပါဘူး။

Google Play Store က ရရှိထားပြီး အင်တာနက် မြန်နှုန်း ပမာဏ တိုင်းတာ တဲ့ SPEEDTEST ဆိုတဲ့ App တစ်ခု ကို အသုံးပြုပြီး စမ်းသပ်ကြည့်လိုက်တဲ့အခါမှာတော့ MPT ရဲ့ မြန်နှုန်း ပမာဏ ဟာ 4Mbps အထိ ရရှိတာကိုတွေ့ခဲ့ရပြီး Ooredoo ကတော့ 6.67Mbps အထိ မြန်နှုန်း ပမာဏ ရရှိနေတာကိုတွေ့ရပါတယ်။ 
ဒီလို မြန်နှုန်းပမာဏ ဟာ ကွန်ရက် ထုတ်လွှတ်ပေးနေတဲ့ တာဝါတိုင် အကွာ အဝေးနဲ့တော့ သက်ဆိုင်ပါတယ်။ သို့သော်လည်း Telenor ရဲ့ အင်တာနက် မြန်နှုန်း ပမာဏ ဟာ 2Mbps အထိ ကန့်သတ်ထားတာ ဖြစ်တဲ့အတွက် တာဝါတိုင်နဲ့ အနီးဆုံးမှာ သုံးနေပေမယ့်လည်း 2Mbps အထိပဲ ရရှိမှာဖြစ်ပါတယ်။ MPT နဲ့ Ooredoo ရဲ့ မြန်နှုန်းပမာဏကတော့ ကန့်သတ်ထားခြင်းမရှိတဲ့အတွက် မတူညီတဲ့ ပမာဏ တွေကို ရရှိနိုင်တာဖြစ်ပါတယ်။
ဒါဟာ သစ်ထူးလွင်(နည်းပညာ) ဘလော့ဂ် စာမျက်နှာ ရဲ့ SPEEDTEST ဆိုတဲ့ app ကို အသုံးပြုပြီး တိုင်းတာ ရေးသားထားခြင်းသာဖြစ်ပါတယ်။ 

XIOMI YOU THINK

ရုတ် ကုမ္ပဏီတစ်ခုဖြစ်တဲ့ Xiaomi ဟာ ကမ္ဘာတစ်ဝှမ်းရှိ သုံးစွဲသူတွေကို ဆွဲဆောင်နိုင်ခဲ့ တာဟာ ခုဆို အဆင့် ၅နေရာကို ရောက်ရှိနေပြီဖြစ်ပါတယ်။ စွန့် ဦးတီထွင်သူ Lei Jun က ၂၀၁၀ ခုနှစ် ဧပြီလ ၆ရက်နေ့ တွင် စတင် တည်ထောင်ခဲ့တဲ့ ကုမ္ပဏီဖြစ်ပြီး ယခုဆိုရင် သူဟာ ကုမ္ပဏီ ဥက္ကဌ CEO တစ်ယောက် လည်း ဖြစ်နေပြီ ဖြစ်ပါတယ်။ Xiaomi ကုမ္ပဏီ ၅နှစ်ပြည့် အထိမ်းအမှတ် အနေဖြင့် Xiaomi နှင့် ပတ်သတ် ၍ စိတ်ဝင်စားစရာကောင်းတဲ့ အချက် ၅ချက်ကို ဖော်ပြပေးပါမယ်။ 
၁။ Name : Xiaomi ဆိုသော အမည်မှာ “Little rice” ဆိုတဲ့ တရုတ် စကားဖြစ်ပြီး “Xiao” ဆိုသည်မှာ “little” ၊ “mi” ဆိုသည်မှာ “Rice” ဟူသော အဓိပ္ပါယ်ဖြစ်ပါသည်။ ထိုအဓိပ္ပါယ်အပြင် အခြားသော တရုတ် အဓိပ္ပါယ် များစွာလည်း ရှိပြီး အသံထွက် မှာ လည်း ကွဲပြားသွားပါတယ်။ Xiaomi VP Hugo Barra သည် ရိုးရှင်းပြီး လွယ်ကူရန်အတွက် “Show me” လို တွေးကြည့်ပါလို့ ပြောခဲ့ပြီး ထိုကဲ့သို့ပင် အသံ ထွက် ခဲ့ပါ တယ်။ ထို့အပြင် Xiaomi ရဲ့  Logo မှာ “mi” ဖြစ်ပြီး အဓိပ္ပါယ်မှာ “mission impossible” ဟူသော အဓိပ္ပါယ်ဖြစ် ပါတယ်။ ၂။ Mascot : Xiaomi ရဲ့ ကံကောင်းစေဖို့ ပြုလုပ်ထားတဲ့ ယုန်ရုပ်လေးကို Mitu လို့ခေါ်ပြီး Ushanka (Lei Feng) ဦးထုပ်လေး ဆောင်းပေးထားပါတယ်။
ဦးထုပ်တွင် အနီရောင် ကြယ်လေး ပါဝင်ပြီး လည်ပင်းတွင်လည်း အနီရောင် လည်ပတ်လေး ပတ်ပေးထားပါတယ်။ ၃။ Apple comparison : Xiaomi ကို တရုတ် Apple လို့ ခေါ်ဆို၍ ရပြီး Apple ကုန်ပစ္စည်းများဖြင့် ယှဉ်ပြိုင်နေနိုင်ပြီ ဖြစ်ပါတယ်။ CEO Lei Jun ကိုလည်း “ တရုတ် Steve Jobs” လို့လည်း ခေါ်ဆိုကြပါတယ်။ ၄။ Google Connection : Xiaomi ရှိ ဦးဆောင်သူ ကိုးဦးတွင် ex-Googler များ ပါဝင်ပြီး သူတို့မှာ- co-founder ဥက္ကဌ ဖြစ်သူ Lin Bin, co- founder ဒုတိယ ဥက္ကဌဖြစ်သူ Hong Feng နှင့် ဒုတိယ ဥက္ကဌဖြစ်သူ Hugo Barra တို့ ဖြစ် ပါ တယ်။ ၅။ Profit vs revenue : Xiaomi ဟာ ရောင်းအား အကောင်းဆုံး ဖုန်းကုမ္ပဏီဖြစ်ပေမယ့် ရရှိတဲ့ အကျိုး အမြတ်မှာမူ အလွန်ပင် နည်းပါးနေ ပါသေးတယ်။ 
၂၀၁၃ ခုနှစ်တွင် အမေရိကန်ဒေါ်လာ ၄.၃ဘီလီယံ ခန့် ရောင်းချ ခဲ့ရပြီး အမြတ်ငွေ မှာ အမေရိကန်ဒေါ်လာ ၅၆ မီလီယံသာ ရရှိခဲ့ပါတယ်။ ၂၀၁၄ တွင်မူ အမေရိ ကန်ဒေါ်လာ ၁၁.၉၇ ဘီလီယံခန့် ရောင်းချ ခဲ့ရပြီး အမြတ်ငွေကိုမူ ရှင်းရှင်း လင်းလင်း မသိရသေးပါ။

အာကာသ ထဲမှာ အချိန်အကြာဆုံးနေထိုင်ဖူးတဲ့ အမျိုးသမီး အဖြစ် စံချိန်တင်ခဲ့သူ

ဥရောပ အာကာသ အေဂျင်စီ ရဲ့ အာကာသပညာရှင် Samantha Crisoforetti ဟာ အပြည်ပြည်ဆိုင်ရာ အာကသ စခန်း(International Space Station) မှာ ရက် ၂၀၀ တိတိ နေထိုင်ခဲ့ပြီးတဲ့နောက် သူမဟာ အာကာသ ထဲမှာ အချိန်အကြာဆုံးနေထိုင်ဖူးတဲ့ အမျိုးသမီး အဖြစ် စံချိန်တင်သွားခဲ့ပြီဖြစ်ပါတယ်။

Crisoforetti ဟာ ၂၀၀၇ ခုနှစ်တုန်းက အာကသထဲမှာ ၁၉၅ ရက်တိတိနေထိုင်ဖူးပြီး စံချိန်တင်ထားတဲ့ NASA ရဲ့ အာကာသပညာရှင် Sunita Williams  ထက်ပင် ၅ ရက်တိတိ ပိုပြီး အာကာသထဲမှာ နေထိုင်ခဲ့ပါတယ်။ သူမ ဟာ အာကာသထဲမှာ ရက်ပေါင်း ၂၀၀ တိတိ နေထိုင်ခဲ့ပြီးတဲ့နောက် ဇွန်လ ၁၁ ရက် ကြာသပတေးနေ့မှာ ကမ္ဘာမြေပေါ်ကို Soyuz အာကာသ ယာဉ်နဲ့အတူ ပြန်လည် ဆင်းသက်လာမှာဖြစ်ပါတယ်။

သူမဟာ အာကသထဲမှာ အခုလို အချိန်ကြာကြာနေခဲ့ရတာဟာ မထင်မှတ်ထားတဲ့ ပြသနာ ကြောင့်ပဲဖြစ်ပါတယ်။ ရုရှားနိုင်ငံရဲ့ Progress 59 resupply အာကာသယာဉ်ဟာ ကမ္ဘာ့ပတ်လမ်းထဲ ၀င်ရောက်ဖို့ ရှုံးနိမ့်ခဲ့တာကြောင့်ပဲ ဖြစ်ပါတယ်။
သူမဟာ အပြည်ပြည်ဆိုင်ရာ အာကာသ စခန်း မှာ ရှိနေတုန်းက ကမ္ဘာကြီးကိုနောက်ခံထားပြီး ရိုက်ကူးထားတဲ့ ဓါတ်ပုံတွေ ၊ အာကာသ ယာဉ်ပေါ်က အတွေ့အကြုံ ဗီဒီယိုတွေ ကြောင့် လူမှုကွန်ရက်တွေမှာ နာမည်ကြီးလာခဲ့ပါတယ်။
ဇွန်လ ၁၁ ရက်နေ့မှာတော့ သူမဟာ သူမရဲ့ လုပ်ဖော်ကိုင်ဖက် အာကာသ ပညာရှင်တွေဖြစ်ကြတဲ့ Terry Virts ၊ Anton Shkaplerov တို့နဲ့ အတူ ၃ နာရီခွဲကြာတဲ့ အာကာသ ခရီးစဉ်ကို ဖြတ်သန်းပြီး ကမ္ဘာမြေပေါ် ပြန်လည် ဆင်းသက်မှာ ဖြစ်ပါတယ်။
ဒီ အာကာသ ခရီးစဉ်ဟာ အမျိုးသမီး အာကာသပညာရှင်တစ်ယောက်အတွက် အကြာဆုံး ဖြစ်ခဲ့ရုံတင်မကပဲ အီတလီ လူမျိုးတစ်ယောက်အနေနဲ့ရော ဥရောပ အာကာသ အေဂျင်စီ အတွက် ပါ အရှည်ကြာဆုံး အာကာသ ခရီးစဉ်တစ်ခုဖြစ်ခဲ့ပါတယ်။

Friday, June 12, 2015

WINDOW DEFENDER WORKING

Why use Windows Defender?

Windows Defender helps protect your PC against malware (malicious software) like viruses, spyware, and other potentially unwanted software. Malware can infect your PC without your knowledge: it might install itself from an email message, when you connect to the Internet, or when you install certain apps using a USB flash drive, CD, DVD, or other removable media. Some malware can also be programmed to run at unexpected times, not only when it's installed.
Windows Defender is included with Windows and helps keep malware from infecting your PC in two ways:
  • Providing real-time protection.‍‍ Windows Defender notifies you when malware tries to install itself or run on your PC. It also notifies you when apps try to change important settings.
  • Providing anytime scanning options. Windows Defender automatically scans your PC for installed malware on a regular basis, but you can also start a scan whenever you want. Windows Defender automatically removes (or temporarily quarantines) anything that's detected during a scan.
When you use Windows Defender, it's important to have up-to-date definitions. Definitions are files that act like an ever-growing encyclopedia of potential software threats. Windows Defender uses definitions to detect any malware and to notify you of potential risks. To help keep your definitions up to date, you can set Windows Update to work with Windows Defender and automatically install new definitions as they're released. Windows Defender also checks online for updated definitions before scanning.

Network Configure By WaiYanMaung

Set up a network

With a network, you can share files and devices (such as printers) with other people in your home, and you can also share one Internet connection. There are six main steps to set up a home or small office network

1. Plan your network

Decide whether you want a wired or wireless network, or a combination of the two. A wireless network gives you mobility and flexibility, and there's no need to install wiring. On the other hand, a wired network usually gives you a more reliable and faster connection, but it requires that your PCs and devices be in a fixed location and that you have wiring installed. For small home and work networks, wireless is usually the best option overall.

2. Get the necessary hardware and an ISP

At a minimum, you'll need a network adapter for each PC (most laptops come with a wireless network adapter already installed) and a wireless router (these usually allow for wired connections, as well). If you want to connect to the Internet, you'll also need an account with an Internet service provider (ISP) and a broadband modem. Many ISPs provide a broadband modem (or a combined modem/router device) as part of your subscription and can do the installation for you.

3. Set up the router

If your router displays the Windows logo or the phrase "Compatible with Windows," Windows Connect Now (WCN) will help you set it up. Otherwise, most routers come with instructions and a setup CD that will help you set it up.

4. Connect the router to the Internet

To connect the router to the Internet so that everyone on the network has Internet access, follow the instructions provided by your ISP. If you didn't get instructions, try plugging one end of a network (Ethernet) cable into the wireless wide area network (WWAN) or Internet port on your router and the other end into the broadband modem.

5. Connect PCs and devices to the network

For the easiest setup, buy devices that display the Windows logo or the phrase "Compatible with Windows," and then follow the instructions that came with the device. Wireless devices, such as wireless printers, can be placed anywhere within range of your wireless network.

6. Create a homegroup or turn on sharing

If you're setting up a home network, creating a homegroup is the easiest way to share files and printers. All homegroup PCs must be running Windows 8.1, Windows RT 8.1, or Windows 7. For more info, see HomeGroup from start to finish.
If you have older versions of Windows on your PCs or you're setting up a small office network, you'll need to turn on file and printer sharing instead. For more info, see Share files and folders.