Saturday, May 9, 2015

Creating Blogger And Domain Builder

ဒီခေတ်မှာ Internet ကို ရည်ရွယ်ချက်အမျိုးမျိုးနဲ့ အသုံးချကြပါတယ်.. တစ်ချို့ကျတော့လည်း ရည်ရွယ်ချက်မရှိဘဲ Internet မှာ အချိန်တွေနဲ့ ပိုက်ဆံတွေကို အလကား ဖြုန်းတီးပစ်နေတာကို နှမြောစရာ ကောင်းလောက်အောင် ဖြုန်းတီးပစ်နေတာ တွေ့ရပါတယ်.. မိတ်ဆွေများထဲက Internet ကို အကျိုးရှိရှိ အသုံးချဖို့ ရည်ရွယ်ချက်ရှိတယ်ဆိုရင် အသုံးပြုရကျိုး နပ်ပါလိမ့်မယ်.. Internet ဆိုတာ ဗဟုသုဟင်းလေးအိုးကြီးပါ.. အဲဒီထဲကမှ မကောင်းတဲ့ ဗဟုတ၊ ကောင်းတဲ့ ဗဟုသုတ ကွဲပြားတာနောက်ကိုလိုက်ရင်း သုံးပြုသူဟာလည်း ကောင်းသူ၊ ဆိုးသူ ဖြစ်လာတာပါပဲ.. ကျွန်တော့်ဆီကို လာရောက်မိတ်ဆက်သူတွေထဲမှာ အင်တာနက်ကို စတင်သုံးစွဲရင်း ကိုယ်မှတ်ထားတာလေးတွေကို Blog တစ်ခုလုပ်ပြီး မှတ်တမ်းတင်ဖို့ ရည်ရွယ်ချက် ရှိသူတွေ တော်တော်များပါတယ်.. ပြီးတော့ Blog သင်ခန်းစာတွေ တင်ပေးဖို့ တောင်းဆိုလာတဲ့သူ အများကြီးဖြစ်လာလို့ ဒီသင်ခန်းစာကို ကျွန်တော် ဒီနေ့ စတင်ပြီး မျှဝေမှာဖြစ်ပါတယ်.. ကျွန်တော် လေ့လာမိသမျထဲက မှတ်မိသမျ၊ မှတ်သားထားသမျကို မျှဝေမှာဖြစ်တဲ့အတွက် ပြီးပြည့်စုံမှာတော့ မဟုတ်ပါဘူး.. ဒါပေမယ့် အခြေခံသဘောတရားကနေ ခု ကျွန်တော့်လို ဘလော့လေး တစ်ခုဖြစ်လာဖို့အတွက်တော့ အစကနေ အဆုံးထိ ရေးသားသွားမှာဖြစ်ပါတယ်.. လိုအပ်ချက်တွေရှိခဲ့ရင် Comment မှာ အပြုသဘောဆောင်တဲ့ မှတ်ချက်၊ ဖြည့်စွက်ချက်၊ လိုအပ်ချက်တွေကို ရေးသားပေးစေချင်ပါတယ်..

Domain Name and Hosting
Blog အကြောင်း မပြောခင်.. Domain Name နဲ့ Hosting အကြောင်း ပြောချင်ပါတယ်.. အွန်လိုင်းမှာ ကျွန်တော်တို့ နေ့စဉ် မြင်တွေ့၊ ဖတ်ရှုနေရတဲ့ စာမျက်နှာတွေ၊ ဖိုင်တွေဟာ Server လို့ခေါ်တဲ့ သိုလှောင်ရေး ပစ္စည်းတစ်ခုမှာ ထည့်ထားတာဖြစ်ပါတယ်.. ဒါကို စနစ်တကျ ဝင်ရောက်ကြည့်ရှုဖို့ လိပ်စာလိုပါတယ်.. အဲဒီလိပ်စာဟာ Domain Name ဖြစ်ပြီး ဖိုင်တွေထည့်ထားတဲ့ နေရာကတော့ Hosting ဖြစ်ပါတယ်..
Domain မှာ Custom Domain နဲ့ Free Domain ဆိုပြီးနှစ်မျိုးရှိပါတယ်..
Custom Domain ကိုသီးခြားဝယ်ယူရပြီး Hosting ကိုလည်း သီးခြားဝယ်ယူရပါတယ်.. Hosting မှာ တင်သမျှ ဖိုင်တွေကို ဝင်ကြည့်ဖို့အတွက် လိပ်စာကို ကျွန်တော်တို့ ဝယ်ထားတဲ့ Custom Domain နဲ့ချိတ်ဆက်လိုက်တဲ့အခါ Blog ဒါမှမဟုတ် Website တစ်ခု ဖြစ်လာပါတယ်.. ဒီလို Custom Domain and Paid Hosting တွေကတော့ ကိုယ့် Page, Code, Design တွေကို စိတ်ကြိုက်ပြင်ဆင်ခွင့်ရပါတယ်.. သိုလှောင်မှုပမာဏ ( Storage ) နဲ့ ကြည့်ရှုနှုန်းကန့်သတ်ချက် ( Bandwidth ) ကို စိတ်ကြိုက်ဝယ်ယူခွင့်ရတဲ့အတွက် ပမာဏကြီးတဲ့ website, ပမာဏ သေးတဲ့ website ရယ်လို့ ကွဲပြားပါတယ်.. တစ်ချို့ဆိုဒ်တွေကို ဝင်ကြည့်တဲ့အခါ၊ သို့မဟုတ်. ဖိုင်တွေကို Download လုပ်တဲ့အခါ Out of Bandwidth, Temporary Disable because out of Bandwidth ဆိုပြီးတွေ့ရတာဟာ ကြည့်ရှုနှုန်း ကန့်သတ်ချက် နည်းနည်းနဲ့ ဝယ်ထားတဲ့ Hosting ကြောင့်ဖြစ်ပါတယ်..

Free Domain and Hosting
Free Domain and Hosting တွေကတော့ Domain Name ကို ကိုယ်လိုချင်သလို ရမှာမဟုတ်ပါဘူး.. ဆိုလိုတာက Custom Domain လို .com, .org, .net, .com.mm တို့လို ရမှာမဟုတ်ပါဘူး.. Free ပေးတဲ့ ကုမ္ပဏီက သတ်မှတ်ပေးထားတဲ့ extension တွေကို သာ ရမှာဖြစ်ပါတယ်.. ဥပမာ. name.blogspot.com, name.wordpress.com, name.wall.fm တို့ပဲဖြစ်ပါတယ်.. Host ကျတော့ သီးခြားဝယ်စရာမလိုပါဘူး.. ဒီမှာပဲ. domain Name ရော Host ရော free ပေးပါတယ်.. ဒါပေမယ့် ကိုယ်လိုချင်တဲ့ အမြန်နှုန်း၊ သိုလှောင်မှုမာဏကိုတော့ ရမှာမဟုတ်ပါဘူး.. ပေးသလောက်ပေါ့..

Hosting မှာ နှစ်မျိုးရှိပါတယ်.. ပထမတစ်မျိုးက webpage တွေရေးဖို့ Host ဖြစ်ပြီး နောက်တစ်မျိုးကတော့ ဖိုင်ဆိုဒ်ပမာဏ များများကို သိုလှောင်ဖို့ Hosting တို့ဖြစ်ပါတယ်.. Custom Hosting တွေကတော့ webpage လည်း ရေးနိုင်မယ်. File တွေလည်း တင်နိုင်မယ်.. သူဝယ်ထားတဲ့ Storage တွေအလိုက်ပေါ့.. Free ရတဲ့ Domain and Hosting တွေမှာတော့ webpage တွေ ရေးခွင့်သာပေးပြီး ဖိုင်တွေကိုတော့ တင်ခွင့်ပေးမထားပါဘူး.. ဒါကြောင့် ဖိုင်တင်တဲ့ Hosting ကိုသီးခြားထားပြီး တင်ရပါတယ်.. အဲဒီထဲက ဖိုင်ရှိရာနေရာ(Link) ကိုတော့ webpage မှာ ထည့်ညွှန်းကြရပါတယ်.. ဖိုင်တင်တဲ့ Hosting အကြောင်း ကို (Uploading Files ) ဆိုတဲ့အခန်းမှာ အကျယ်ရှင်းပြပါမယ်.. ခုတော့ Blog အကြောင်းလေး ဆက်ကြဦးစို့...

Blog..
Blog ဆိုတာ နေ့စဉ်မြင်သမျ ကြားသမျ တွေကို စုစည်းဖေါ်ပြထားတဲ့ Journal လေးတစ်စောင် ဖြစ်တယ်လို့ မှတ်သားရပါတယ်.. website နဲ့ မတူ၊ သူ့မှာ လုပ်ပိုင်ခွင့်နဲ့ လုပ်နိုင်တာ ကန့်သတ်ချက်တွေ ရှိနေပါတယ်.. Blog တွေအများကြီးရှိပါတယ်.. ကုမ္ပဏီတွေအလိုက် သူ့အမျိုးအစားနဲ့သူ တွေ့မြင်ရပါတယ်.. ထင်ရှားတဲ့ Blog တွေထဲက အချို့ကတော့-
1. Blogger
2. WordPress
3. Blog.com
4. Wall.fm စတဲ့ ဆိုဒ်တွေပဲဖြစ်ကြပါတယ်..

Blogger
Google ကုမ္ပဏီက တည်ထောင်ထားတာဖြစ်ပြီး အလကား Free ပေးတဲ့ Blog ထဲမှာ အကောင်းဆုံးဖြစ်မယ်ထင်ပါတယ်.. Storage ကန့်သတ်မထားဘူး.. Bandwidth ကန့်သတ်မထားဘူး.. သုံးထားတဲ့ ကုဒ်တွေအချို့ကိုလည်း ပြင်ဆင်ခွင့်ပေးထားပါတယ်.. သူကတော့ www.blogger.com ပဲဖြစ်ပါတယ်.. Free Domain and Hosting ဖြစ်ပြီး Domain ရဲ့ extension name ကတော့ name.blogspot.com ပဲဖြစ်ပါတယ်.. .blogspot.com ကို ပြင်ဆင်ခွင့်မပေးပါဘူး.. ရှေ့က နာမည်ကိုသာ ထပ်တူမရှိရင် ပြင်ဆင်ခွင့်ပေးပါတယ်..

No comments:

Post a Comment