Sunday, April 5, 2015

Ooredoo sim card 20 minute

အ်ာရီဒူးမှ သုံးစွဲသူများအတွက် တစ်မိနစ်လျှင် ငွေကျပ် ၂ဝ သာ ကျသင့်မည့် RED အစီအစဉ်ကို ဧပြီ ၂ ရက်မှ စတင်သုံးစွဲနိုင်တော့ မည်ဖြစ်ကြောင်း ဧပြီ ၁ ရက်က ကန်တော်ကြီးပဲလေ့စ်ဟိုတယ်၌ မိတ်ဆက်သည်။

အော်ရီဒူးသည် ကာတာနိုင်ငံ အခြေစိုက် ဆက်သွယ်ရေး အော်ပရေ တာလုပ်ငန်းတစ်ခုဖြစ်ပြီး မြန်မာ နိုင်ငံတွင် ကွန်ရက်ဖြန့်ကြက်မှုကို ပြီးခဲ့သည့် သြဂုတ်လက စတင် မိတ်ဆက်ထားသည်။ ဖုန်းခေါ်ဆိုခကို စက္ကန့်လိုက်ကောက်ခံသည့် စနစ် ကျင့်သုံးပြီး သရီးဂျီကွန်ရက်ပြည့်ဝ စွာ ပေးနိုင်ပြီဟု အော်ရီဒူး(မြန်မာ) ၏ စီအီးအို မစ္စတာရော့စ်ကော့မန့် က ပြောသည်။

သုံးစွဲသူများအတွက် မဟာ သင်္ကြန်နှစ်သစ်ကူး အစီအစဉ် တစ်ရပ်အဖြစ် ဧပြီ ၂ ရက်မှ စတင် ကာ 5555 နံပါတ်သို့ REDဟု အခမဲ့ ပေးပို့ကာ ၁၅ ရက်ခန့် တစ်မိနစ်လျှင် ငွေကျပ် ၂ဝ ဖြင့် ဖုန်း စတင်အသုံးပြု ခေါ်ဆိုနိုင်ပြီ ဖြစ်သည်။

''ဈေးနှုန်းကို အားလုံးသုံးစွဲနိုင် တဲ့ နှုန်းထားဖြစ်အောင် လုပ်ဆောင် ထားပါတယ်။ အဲဒီအတွက် စာရင်း ပေးသွင်းခကို တစ်လစာ ငွေကျပ် ၅ဝဝ ကောက်ခံပါမယ်။ ဖုန်းအများ ကြီးခေါ်တဲ့သူတွေအတွက် အကျိုး ရှိစေမယ်။ ပရိုမိုးရှင်းကာလအဖြစ် ဧပြီ ၂ ရက်ကနေ ၁၅ ရက်တာ ကာလမှာတော့ စာရင်းပေးသွင်းခ ဖြတ်တောက်ဖို့ မရှိဘူး'' ဟု အော်ရီ ဒူးမှ တာဝန်ရှိသူက ပြောသည်။

၂ဝ၁၄ ခုနှစ် သြဂုတ်လတွင် စတင်ကာ အော်ပရေတာ လုပ်ငန်း များဆောင်ရွက်ခဲ့ပြီး ယင်းအချိန် က နိုင်ငံ၏ ၁၇ ရာခိုင်နှုန်းသာ လွှမ်းခြုံခဲ့သော်လည်း ယခုအခါ ၄၁ ရာခိုင်နှုန်းခန့် ပြည့်ဝသည့် သရီးဂျီ ကွန်ရက်များ လွှမ်းခြုံလာနိုင် ကြောင်း၊ ယခုအခါ အော်ရီဒူး၏ ဝန်ထမ်း ၈၆ ရာခိုင်နှုန်းကို မြန်မာ လူမျိုးများအား ခန့်အပ်ထားနိုင်လာ ပြီး အရောင်းဆိုင် ၆ဝဝဝဝ ကျော် ဖွင့်လှစ်လာနိုင်ကြောင်း သိရသည်။

1 comment:

  1. စိတ်​၀င်​စားစရာဘဲ

    ReplyDelete