Wednesday, March 4, 2015

mpt

ဆွသဟာအစီအစဉ် အင်တာနက်သုံးစွဲမှု ထက်ဝက်လျှော့ချ
Byထက်အာကာOn  Tue, 2015-03-03 16:06Location ရန်ကုန်Issue No.No.671 Tuesday, March 3, 2015
မြန်မာ့ဆက်သွယ်ရေး လုပ်ငန်း၏ ဆွေသဟာအစီအစဉ် သုံးစွဲသူများအတွက် မတ်လ ၄ ရက်မှ လကုန်အထိ အင်တာနက် အသုံးပြုခတစ်ဝက်လျှော့ချလိုက် ကြောင်း သတင်းရရှိသည်။

ဆွေသဟာအစီအစဉ်သုံးစွဲ သူများအား ယခင်က အင်တာနက်အသုံးပြုခကို 1MB လျှင် ၁၅ ကျပ်နှုန်းဖြင့် ကောက်ခံနေမှုအား မတ် လအတွင်း 1MB လျှင် ၇ ကျပ် ပြား၅၀ ဖြင့် လျှော့ချကောက်ခံမည် ဖြစ်သော်လည်း ဖုန်းပြောခကို တစ်မိနစ် ၃၅ ကျပ်၊ မက်ဆေ့ခ်ျတစ် စောင် ၁၅ ကျပ်နှုန်းဖြင့် ဆက် လက်ကောက်ခံမည်ဟု မြန်မာ့ ဆက်သွယ်ရေးလုပ်ငန်းစီးပွားရေး ဌာန ညွှန်ကြားရေးမှူး ဦးစောထူး သာက ပြောသည်။

‘‘ဒီလိုပရိုမိုးရှင်းတွေ ထပ် ထပ်ပေးသွားဖို့ရှိပါတယ်။ လက်ရှိ ပေးထားတဲ့ Package တွေကို လည်း သုံးစွဲသူတွေ ကောင်းကောင်းနားမလည်သေးတော့ ကောက်ခံ မှုနှုန်းထားဈေးကြီးနေတယ်လို့ ထင်နေကြတယ်’’ဟု   ၎င်းကပြောသည်။

 ဂျပန်ကုမ္ပဏီနှစ်ခုနှင့် ပူး ပေါင်းထားသည့်  မြန်မာ့ဆက် သွယ်ရေးလုပ်ငန်းသည် ဇန်န၀ါရီ ၁၂ ရက်က ဖုန်းပြောဆိုခ တစ်မိနစ် ၃၅ ကျပ်၊ အင်တာ နက်အသုံးပြုခ 1MB လျှင် ၁၅ ကျပ်နှုန်းဖြင့် ကောက်ခံသည့် ဆွေသဟာအစီအစဉ်ကို မိတ်ဆက်ခဲ့ သည်။ ဆွေသဟာအစီအစဉ်သုံး စွဲသူများအနေဖြင့် Voice Pack-age နှင့် Internet Package တို့ကိုရွေးချယ်ဝယ်ယူနိုင်သည်။ Voice Package သည် ရက် ၃၀ အတွင်း မိနစ် ၄၈၀ ဖုန်းပြောဆိုနိုင်ပြီး တစ်သောင်းနှစ်ထောင်ကျပ်ပေး ဆောင်ရမည် ဖြစ်သည်။ Internet Pack-age မှာ 400MB ကို ငါးထောင် ကျပ်နှင့် 1GB ကို တစ်သောင်းကျပ်ဟူ၍ နှစ်မျိုးရွေးချယ်ခွင့်ပေးထား သည်။

ထို့ပြင် ဆွေသဟာအသုံးပြု သူများအနေဖြင့် မိမိနှစ်သက်ရာ ဖုန်းနံပါတ် ၃ခုအား ရွေးချယ်ကာ တစ်မိနစ် ၂၅ ကျပ်ဖြင့် ပြောဆို နိုင်သည်။ Voice Package ကို ရယူထားသူများမှာမူ မည်သည့် ဖုန်းကိုမဆို ၂၅ ကျပ်ဖြင့် ပြောဆို နိုင်သည်ဟု မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းက သတင်းထုတ်ပြန်ထား သည်။

ဆွေသဟာအစီအစဉ်မိတ် ဆက်ခဲ့သည့် ၂ လအတွင်း အသုံးပြုသူဦးရေမှာ လေးသန်းကျော်ရှိနေပြီဖြစ်ပြီး ဆွေသဟာအစီအစဉ် အသုံးမပြုသူများအား တစ်မိနစ် ဖုန်းပြောဆိုခ ၅၀ ကျပ်၊ မက်ဆေ့ခ်ျတစ်စောင် ၂၅ ကျပ်၊ အင်တာနက်အသုံးပြုခ တစ်မိနစ်လျှင်လေး ကျပ်နှုန်းဖြင့်  ကောက်ခံလျက်ရှိ ကြောင်း သိရသည်။

အခြားဆက်သွယ်ရေးအော် ပရေတာနှစ်ခုဖြစ်သည့် အူရီးဒူးမြန်မာမှာ တစ်မိနစ်ဖုန်းပြောဆိုခ ၂၅ ကျပ်၊ အင်တာနက်အသုံးပြုခ 1MB လျှင် ၇ ကျပ် ၈၀ ပြား၊ မက် ဆေ့ခ်ျတစ်စောင် ၁၅ ကျပ်နှုန်းဖြင့် ကောက်ခံနေပြီး တယ်လီနောမြန် မာမှာ တစ်မိနစ်ဖုန်းပြောဆိုခ ၂၅ ကျပ်၊ အင်တာနက်အသုံးပြုခ 1MB လျှင် ၆ ကျပ် (Smart Inter-net = 1MB လျှင် ၁၀ ကျပ်)၊ မက် ဆေ့ခ်ျတစ်စောင် ၁၅ ကျပ်နှုန်းဖြင့်ကောက်ခံနေသည်

No comments:

Post a Comment