Sunday, March 29, 2015
Tuesday, March 24, 2015
ကွန်ပျူတာ Laptooop သုံးစွဲသူများ သတိပြုရန် အချက်များ
၁။ မျက်နှာပြင်ညီညာသည့် နေရာတွင် Laptop computer ကို တင်ပါ။
ကွန်ပျူတာထဲတွင် လည်ပတ်နေသည့် Hard disk ရှိပါသည်။ တစ်ခါတစ်ရံ အနည်းငယ်လှုပ် ခြင်း သည် ပြဿနာ မရှိနိုင်သော်...လည်း အမြဲတစေ လှုပ်ခါနေခြင်းကို Hard disk က မကြိုက်ပါ။ မျက်နှာပြင် မညီသည့် နေရာတွင်တင်ပါက ကွန်ပျူတာသုံးနေစဉ် တစ်လျှောက်လုံး လှုပ်နေပါမည်။ Hard disk အသက်တိုနိုင်ပါသည်။ ကွန်ပျူတာ သုံး ခါနီးတိုင်း ခြေထောက် လေးချောင်းလုံး အထိုင် ညီမညီ စစ်ပါ။ ကွန်ပျူတာ သုံးစွဲနေစဉ် မကြာခဏ မပြီး ရွှေ့ခြင်းကို ရှောင်ပါ။
၂။ ကွန်ပျူတာကို လေရအောင်လုပ်ပါ။
Laptop computerတို့သည် အလွန်ကျဉ်းမြောင်းသော အကန့်ထဲတွင် အတွင်းကလီစာ ပေါင်းစုံကို ကွက်တိ နေရာချရသည် ဖြစ်ရာ အပူချိန် တက်လွယ်ပါသည်။ အပူချိန် ကြောင့် အများဆုံး ထိခိုက်မည်မှာ processor နှင့် Harddrive ဖြစ်ပါသည်။ ထို့ကြောင့် Laptop computer သုံးလျှင် အောက်ခံပန်ကာ တပ်ပြီး သုံးပါ။ ကွန်ပျူတာ အောက် ဘက် မျက်နှာပြင်တွင် ဖောက်ထားသော လေပေါက်များ ပိတ်စေမည့် အပြုအမူကို ရှောင်ပါ။ ထိုအပေါက်များတွင် ဖုန်နှင့် အမှိုက်သရိုက်များ မပိတ်အောင် ဂရုစိုက်ပါ။
၃။သံလိုက်စက်ကွင်းရှိနိုင်သ
သံလိုက်စက် ကွင်းသည် Laptop computer ၏ စွမ်းဆောင်ရည်ကို ထိခိုက်စေနိုင် ပါ သည်။ ထို့ကြောင့် ရေခဲ သေတ္တာ၊ ရုပ်မြင် သံကြားစက်၊ အင်ဗာတာ၊ ယူပီအက်စ်တို့နှင့် အနားကပ်ပြီး ကွန်ပျူတာ မသုံးသင့်ပါ။
၎။ ကွန်ပျူတာကို နေရောင်ခြည်တိုက်ရိုက် မထိပါစေနှင့်။
Laptop Computer သည် ပြင်ပတွင် သယ်ဆောင်အသုံးပြုရန် တည်ဆောက်ထားခြင်း ဖြစ်ပါသည်။ သို့သော် နေရောင်အောက်တွင် သုံးစွဲရန် ပြုလုပ်ထားခြင်း မဟုတ်ပါ။ နေရောင်က စက်၏ အပူချိန်ကို မြင့်တက်စေနိုင်ပါသည်။ နေရောင်ခြည်တွင် ပါလာ သော ခရမ်းလွန်ရောင်ခြည် တို့ကလည်း ရေရှည် တွင် စက်ကို ထိခိုက်စေနိုင်ပါသည်။
၅။ အလေးချိန်ရှိသော ပစ္စည်းတစ်ခုခုကို ကွန်ပျူတာပေါ်တင်မထားပါနှင့်
Laptop computer အတော်များများသည် 25Kg ခန့် ဖိအားဒဏ်ကို ခံနိုင်အောင် တည်ဆောက်ထား သည်ဟု ဆိုပါသည်။ ပုံမှန် အရွယ်အစား ရှိသော လူကြီးတစ် ယောက် လက်ဖြင့် ဖိမိသည့် အနေအ ထားမျိုး ဖြစ်ပါသည်။ သို့သော် ခဏတဖြုတ် ဖိမိခြင်း ကိုသာ ခံနိုင်ပါလိမ့်မည်။ ထို့အတူ ကွန်ပျူတာ သုံးနေစဉ် ယင်းအပေါ်သို့ ပစ္စည်း တစ်ခုခု ပြုတ်ကျနိုင်ခြေ ရှိမရှိ သတိထားပါ။ စားပွဲပေါ် ခုန်တက်သည့် ကြောင်များ ကို လည်း သတိထားပါ။
၆။ အပူအအေးပြင်းထန်သည့်နေရာ၊ စိုထိုင်းသည့် နေရာများတွင် ကွန်ပျူတာအသုံး ပြုခြင်းကို ရှောင်ပါ။
Laptop computer အား ရာသီဥတု ပူလွန်းသည့် အချိန်၊ ရေခဲမတတ်အေးသည့် အချိန်များတွင် အိမ်၏ အပြင်ဘက်သို့ ယူဆောင် အသုံးပြုခြင်းကို ရှောင်ပါ။ ကွန်ပျူတာ ၏ ပုံမှန် လုပ်ဆောင်နိုင်စွမ်းကို ထိခိုက်စေပါသည်။ ထို့အတူ မိုးရွာနေသော အချိန်တွင် မိုးပက်နိုင်သော နေရာ၌ ကွန်ပျူတာကို အသုံးမပြုပါနှင့်။ မီးဖိုဆောင်ထဲတွင် ကွန်ပျူတာ သုံးနိုင်သော်လည်း ထမင်းဟင်း ချက်ပြုတ်ထားသဖြင့် အငွေ့တလူလူ ထွက်နေသော နေရာအနီးတွင် ကွန်ပျူတာ အသုံးပြုခြင်းကို ရှောင်ပါ။
၇။ ကွန်ပျူတာပြကွက် (display) ကို ရေဖြင့်လည်းကောင်း၊ အခြားအရည်ဖြင့် လည်း ကောင်း မသုတ် ပါနှင့်။
Laptop computer ၏ မျက်နှာပြင် သန့်ရှင်းရေး လုပ်ရန်အတွက် LCD Cleaner ဟုခေါ်သော အရည်ဘူးများ တရုတ်ပြည်မှ ဝင်ပါသည်။ တချို့သော Cleaner set တွင် Spary ဘူးများပင် ပါရှိပါသည်။ ကွန်ပျူတာ၏ မျက်နှာပြင်တို့ကို sparay ဖြင့် တိုက်ရိုက် ပက်ဖျန်း၍ မရပါ။ အစမဖွာသော အ၀တ်စ (ဖြစ်နိုင်လျှင် မျက်မှန်သုတ်သော အဝတ် စမျိုး)ပေါ်သို့ ဆေးကြောအရည်ကို ဖျန်းပြီးမှ ကွန်ပျူတာ၏ ပြကွက် မျက်နှာပြင်ကို ညင် သာစွာ ပွတ်တိုက် သန့်ရှင်းရန် ဖြစ်ပါသည်။ သို့သော် အဆိုပါ မျက်နှာပြင်သည် ရေကို သော် လည်းကောင်း၊ တခြားအရည် တစ်ခုခုကိုလည်းကောင်း စိုရွှဲ သည်အထိ တင်ခြင်း ကို မခံနိုင်ပါ။
၈။ ကြာရှည် အသုံးမပြုလျှင် Laptop computer မှ ဘက်ထရီကို ဖြုတ်ထားပါ။
အိမ်သုံးလျှပ်စစ်မီးဖြင့် သုံးစွဲနေစဉ်တွင် အားမပြည့်သေးသော ဘက်ထရီကို ကွန်ပျူတာ တွင် တပ်ဆင်ထားပါက ဘက်ထရီ အသက်တို စေပါသည်။ ထို့အပြင် ကွန်ပျူတာ ပိတ်ထားစဉ်တွင်လည်း ဘက်ထရီ တပ်ထားပါက အတွင်းဓာတ်စီး ပတ်လမ်း ဖြစ်ပေါ် နေသောကြောင့် ဓာတ်အားဆုံးရှုံးမှု ရှိနေမည် ဖြစ်ပါသည်။ ထို့ကြောင့် ဘက်ထရီ အသုံးပြုရန် မလိုအပ်ချိန်တွင် ဖြုတ်ထားပါ။ မဖြုတ်မီတွင် အားအပြည့်ရှိအောင် သွင်း ထားပါ။ အိမ်သုံးလျှပ်စစ်မီးဖြင့် သုံးနေချိန်တွင် Desktop computer များသုံးနေသလို Laptop computer ကို လည်း UPS ခံပြီး အသုံးပြုသင့်ပါတယ်။
၉။ ကွန်ပျူတာကို အထိအခိုက် မခံရအောင် အကာအကွယ်ပြုပါ။
Laptop computer များသည် စက် ပိတ်ထားစဉ်တွင် အမြင့်(၂ .၅) ပေခန့်မှ လွတ် ကျသည့်တိုင် အ တွင်း အစိတ်အပိုင်းများ အလွယ်တကူ မပျက်စီးနိုင်အောင် ပြုလုပ် ထားပါသည်။ သို့သော် လွတ် မကျ လျှင်သာ၍ ကောင်းပါသည်။ ထို့ကြောင့် ကွန်ပျူတာ သုံးပြီးချိန်တွင် အပွန်းအပဲ့ မရှိစေရန် အိတ်ပျော့ (sleeve) ထဲသို့ သွင်းပါ။
Sunday, March 15, 2015
Recovery to phone
အခုကျနော်ပြန်လည်မျှဝေချင်တာလေးကတော့
Factory Reset ချပြီးတဲ့ ဖုန်းတစ်လုံးမှ ဓာတ်ပုံများနဲ့
အရေးကြီးတဲ့ Data များကို ပြန်လည်ရယူနည်းလေးဖြစ်ပါတယ်။
ခေါင်းစဉ်လေးမြင်တာနဲ့ သင့်အတွက် အရေးကြီးမယ်
သိသင့်တယ်ဆိုတာကို သဘောပေါက်မှာပါ။
ဖုန်းတစ်လုံးကို Factory Reset ချ ပြီးတဲ့ ဖုန်းတစ်လုံးဟာ
စက်ရုံကထုတ်ထားတဲ့အတိုင်း အသစ်လိုဖြစ်နေပါပြီ
အရင် အသုံးပြု ခဲ့တဲ့ Data အားလုံးဟာ အကုန်ပျက်စီးသွားပါတယ်
အဲလိုပျ က်စီးသွားတဲ့ ဖုန်းတစ်လုံးက အရေးကြီးတဲ့ Data များကို
အကုန်ပြန်လည်ရယူနိုင်မယ့် နည်းလမ်းကို ကျနော် ရှင်းပြသွားမှာပါ
၁။ ပထမဦးဆုံး Recovery Software ကိုအောက်ကလင့်မှာ ရယူလိုက်ပါ။
ပြီးရင် ကွန်ပျူ တာမှာအင်စတောပြု လုပ်လိုက်ပါ။

Computer Data Recovery
ဒီနေ့ပြောပြချင်တဲ့ အကြောင်းကတော့ ဗိုင်းရပ်ထိပြီး အကြောင်းအမျိုးမျိုးကြောင့် Window ပြန်မတတ်နိုင်တော့တဲ့ စက်တွေက Data တွေကို ဘယ်လိုပြန်ယူလို့ရမလဲ ဆိုတာ ပြောပြပေးပ့ါမယ်။
ကွန်ပျူတာ အသုံးပြုသူတွေရဲ့ အကြောက်ဆုံးတခုကတော့ ဗိုင်းရပ်ပါဘဲ လူတွေက ဗိုင်းရပ်ဆို အသံကြားတာနဲ့တင်လန့်နေတတ်ကြပါတယ်
ဗိုင်းရပ် အမျိုးအစားများစွာရှိတဲ့အထဲက ကွန်ပျုတာအသုံးပြုသူတွေရဲ့ စိတ်အနှောက်အယှက်ဖြစ်စေတဲ့ ဗိုင်းရပ်အမျိုးအစား တွေကလဲတော်တော်များပြားလှပါတယ်။
တချို့ ဗိုင်းရပ်တွေဆိုရင် တော်တော်အစွမ်းထက်လှအောင် ကြောက်စရာကောင်းလှတဲ့ ဗိုင်းရပ်တမျိုးကို
ကျွန်တော်တွေ့ခဲ့ဘူးပါတယ် ကျွန်တော်ကွန်ပျုတာစသုံးဖြစ်ခဲ့တဲ့ 2010 ခုနှစ်လောက်ကပါ။
အဲ့တုံးက အရမ်းခောတ်စားတဲ့ အင်တာနက်မှာနံမယ်ကြီးသီးချင်းတွေကို စုစဉ်းပြီး DVD အယ်ဘမ် လုပ်ထားတဲ့ အခွေတစ်ခွေကို သူငယ်ချင်းတယောက်က MP3
ပြန်ပြောင်းခိုင်းခဲ့တာက ဖြစ်ခဲ့တာပါ အဲ့ဗိုင်းရပ်က ဘယ်လောက်ဆိုးလဲ ဆိုတော့ DVD အခွေကို Drive ထဲ ထည့်ပြီးတုံးခဏဘဲရှိသေးတယ် Window ပြုတ်ကျသွားပါတယ်
အဲ့တုံးက Window တင်တတ်ခါစဆိုတော့ပြသနာကိုသေသေချာချာ ဂဃနဏဏ မသိသေးပါဘူး Window ဘဲအလွယ် ပြန်တင်ခဲ့ပါတယ် ....
ဗိုင်းရပ်တွေက အမျိုးအစားတော်တော်များသလို တော်တော်ဒုက္ခပေးတဲ့ အရမ်းအစွမ်းထက်တဲ့ ဗိုင်းရပ်မျိုးကို ဗိုင်းရပ်ရေးသူတွေက ဖန်းတီးခဲ့ပါတယ်
ဗိုင်းရပ်တွေထဲမှာ Microsoft Window တိုက်ခိုက်တဲ့ဗိုင်းရပ်အမျိးစားတွေက အများဆုံးလို့သိရပါတယ်။
ဒီကနေ့သူငယ်ချင်းတို့ ကွန်ပျုတာထဲကို ကျွန်တော်ကြုံခဲ့သလိုမျိုး Window ကျသွားတဲ့အထိဆိုးရွားတဲ့ ဗိုင်းရပ်ထိပြီး Window ကျတဲ့သူငယ်ချင်းတွေအတွက် ကျသွားခဲ့တဲ့ Window ထဲက ဒေတာတွေ
ကိုယ်မသိမ်းရသေးတဲ့ အရေးကြီးတဲ့ File တွေ Folder တွေကို မိမိကွန်ပျုတာ Windowတင်မထားတဲ့ Drive D: ထဲမှဲာ့(သို့မဟုတ်)အခြားနေရာမှာလုံလုံခြုံခြုံ အမြဲသိမ်းထားဘို့လိုပါလိမ့်မယ်
ဒီလိုမှမဟုတ်ရင်တော့ ကိုယ်အချိန်ပေးပြီးစုဆောင်လာတဲ့(သို့မဟုတ်) ကိုယ်တိုင် အချိန်ပေးပြီးဖန်တီးထားတဲ့ ဒေတာတွေ ဆုံးရှုံးရပါလိမ့်မယ် တကယ်လို့ဒီပြသနာတက်ခဲ့မယ်ဆိုရင် ကိုယ်ကဘာမှပြင်ဆင်မထားရသေးဘဲ
အကြောင်းအမျိုးမျိုးကြောင့် Window ကျခဲ့မယ်ဆိုရင် Window ကျသွားခဲ့တဲ့ ထဲမှာ မိမိလိုချင်တာတွေ ပြန်ယူလို့ ရနိုင်တဲ့ နည်းလမ်းတွေ အများကြီး ရှိပါတယ်ဗျာ....
အခုအဆင်ပြေဆုံး နည်းလမ်းလေးတခု ပြောပြပေးလိုက်ပါမယ်....
လိုအပ်တာတွေကို အရင်ဒေါင်းလော့ဆွဲလိုက်ပါအုံးနော်..ဗားရှင်းနှစ်ခု တင်ပေးထားပါတယ် ..hiren boot cd DOWNLOAD

ooredoo company own internetfiber
ဆက်သွယ်ရေးအော်ပရေတာ တစ်ခုဖြစ်သည့် Ooredoo Myanmar သည် လက်ရှိအချိန်၌ ကိုယ်ပိုင်အင်တာနက် ဆက်ကြောင်းအသစ်တစ်ခုကို တည်ဆောက်နေကြောင်း အဆိုပါ ဆက်သွယ်ရေး အော်ပရေတာ၏ ပြန်ကြားရေး တာဝန်ခံဖြစ်သူက ပြောသည်။
“ရှိနေတဲ့ ဖိုက်ဘာလိုင်းတွေကိုပဲ အခုကတော့ ငှားသုံးနေတာပေါ့။ ကိုယ်ပိုင် အင်တာနက် ဆက်ကြောင်းကတော့ မှန်းထားတာ ဧပြီလလောက်မှာ ပြီးမယ်” ဟု Ooredoo Myanmar ၏ ပြန်ကြားရေး တာဝန်ခံဖြစ်သူ မသီရိကြာညိုက ပြောသည်။
Ooredoo Myanmar အနေဖြင့် ထိုင်းနိုင်ငံဘက်မှ ဖိုက်ဘာအင်တာနက် ဆက်ကြောင်းကို ပြည်တွင်းသို့ သွယ်တန်းနေခြင်းဖြစ်ပြီး အဆိုပါ ဖိုက်ဘာအင်တာနက် ဆက်ကြောင်းသည် Bandwidth ပမာဏပေါင်း 10 GB ခန့် ရှိသည်ဟု သိရသည်။
ဆက်သွယ်ရေး အော်ပရေတာများအနက် ဈေးကွက်လက်ဦးမူ ရရှိထားသည့် မြန်မာ့ဆက်သွယ်ရေး လုပ်ငန်းသည် အင်တာနက် Bandwidth ပမာဏကို အများဆုံး ပိုင်ဆိုင်ထားကြောင်း၊ ထုတ်ပြန် ကြေညာချက်များ အရ ၎င်းတို့သည် Bandwidth ပမာဏ 32.32GB ကို ပိုင်ဆိုင်ထားပြီး အခြားသော ဆက်သွယ်ရေး အော်ပရေတာများကိုလည်း ပိုမိုနေသော Bandwidth ကို ငှားရမ်း အသုံးပြုစေခဲ့သည်ဟု သိရ သည်။
Ooredoo Myanmar သည် မြန်မာနိုင်ငံနှင့် အိမ်နီးချင်း နိုင်ငံတစ်ခုဖြစ်သည့် ထိုင်းနိုင်ငံဘက်မှ အင်တာနက် ဆက်ကြောင်းအသစ်ကို သွယ်တန်းခဲ့ခြင်းဖြစ်ပြီး အလားတူ Ooredoo ၏ ပြိုင်ဘက် ဆက်သွယ်ရေး အော်ပရေတာတစ်ခုဖြစ်သည့် Telenor Myanmar သည်လည်း ထိုင်းနိုင်ငံဘက်မှ အင်တာနက်ဆက်ကြောင်း အသစ်တစ်ခုကို သွယ်တန်းခဲ့သည်ဟု သိရသည်။
Ooredoo Myanmar သွယ်တန်းနေသည့် အင်တာနက် ဆက်ကြောင်းအသစ်အတိုင်း Telenor Myanmar က 10 GB ပမာဏရှိသော အင်တာနက် ဆက်ကြောင်းအသစ်ကို မကြာသေးခင်က သွယ်တန်းပြီးစီးခဲ့သည်ဟု သတင်း ထုတ်ပြန်ထားသည်။
လက်ရှိအချိန်၌ မိုဘိုင်းဖုန်းဖြင့် အင်တာနက် အသုံးပြုသူများ၏ အဆိုအရ အင်တာနက်အမြန်နှုန်းသည် ဆက်သွယ်ရေး အော်ပရေတာတိုင်း ယခင်ထက် ပိုမို ကောင်းမွန်လာခဲ့သည်ဟု သိရသည်။

Tuesday, March 10, 2015
Sunday, March 8, 2015
samsaung firmware တင်နည်း
Blog
site ပေါင်းစုံကနေ ရှာဖွေကူးယူထားသမျှ firmware တင်နည်းတွေကို e-book
အဖြစ် စုစည်းပြီး တင်ပေးလိုက်ပါတယ်.. Huawei, HTC, Sony, Samsung, iPhone,
Lenovo အစရှိသမျှ ဖုန်း firmware တင်နည်းတွေ ပါ ပါတယ်.. အကုန်
စုံပြီလို့တော့ မဟုတ်သေးပါဘူး.. Model မတူပေမယ့်လည်း အမျိုးအစားတူ တစ်ခုကို
နားလည်ရင် ကျန်တာတွေလည်း အလိုလိုနားလည်သွားမှာပါ..
Download
link တွေလည်း အပြည့်အစုံပါ ပါတယ်.. မူရင်းရေးသားသူအရေးအသားအတိုင်း
တင်ပေးထားပါတယ်.. မသိသေးသူများအတွက် အသုံးဝင်လိမ့်မယ်လို့ ယုံကြည်ပါတယ်။
လိုအပ်သူများ အောက်တွင် free ရယူနိုင်ပါပြီ။download
Theme
အလန်းကိုမှကြိုက်တဲ့ဘော်ဒါတွေအတွက် Stock UI – Icon Pack v63.0 Apk
ဗားရှင်း အသစ် လေးပါ အသုံးလိုတဲ့ဘော်ဒါတွေအောက်မှာဒေါင်းပြီးသုံးနိုင်ပါပြီdownload
ဖုန်းမှာဂစ်တာလေးတီးနိုင်တဲ့ Real Guitar v2.2.1 Apk
ဖုန်းမှာဂစ်တာလေးတီးနိုင်တဲ့ Real Guitar v2.2.1 Apk လေးပါ ဗားရှဂ်းအသစ်လေး ထွက်လာလို့ ဂစ်တာခရေဇီတွေဖုန်းမှာအလွယ်တကူတီးခတ်နိုင်အောင်တင်ပေးလိုက်ပါတယ်download
Mpt / Telenor / Ooredoo ဘာnetworkပဲလာလာ ငွေစစ်မလားငွေလွဲမလားငွေဖြည့်ပေးမလား internet plan၀ယ်မလား Star Hash.apk
ကဲဒီတခါလည်းအလုံသားသော်တာကနေပြီးတော့ သူငယ်ချင်းအားလုံးအတွက်အရမ်းကိုအဆင်ပြေစေမယ့်
Apkလေးတခုပေးချင်ပါတယ်ခင်ဗျာ အဲ့ဒါလေးကတော့အခုဖုန်းဆင်းကတ်တွေအများကြီးကိုင်တဲ့သူငယ်ချင်းတွေအတွက်ပါ ဘယ်networkမဆိုငွေလွဲတာငွေပို့တာ ဘေစစ်တာ ဘေဖြည့်တာ internet plan ၀ယ်တာတွေကို Apk
တခုတည်းနဲ့လုပ်နိင်တဲ့ apk လေးပါပဲ ကဲပြောနေကြာတယ် လူတိုင်းမှာတယောက်တခုဆီလောက်တော့
ရှိထားသင့်တယ်မှတ်လား အောက်မှာဆွဲလိုက်ပါဦး download
one click ရုံနဲ့ သင့်ဖုန်းလေးနေတာတွေရှင်းပေးနိုင်တဲ့ - 1Tap Cleaner Pro v2.54 Apk လေးပါ ။ဖုန်းလေးနေတဲ့ဘော်ဒါတွေအတွက် 1Tap Cleaner ဗားရှင်းအသစ်ကိုတင်ပေးလိုက်ပါတယ် download here http://adf.ly/18awgi
ဗိတိန်သုတေသီများသည် လေထုထဲတွင်ပင် ပျံ့နှံ့နိုင်သော ကွန်ပျူတာဗိုင်းရပ်စ် တစ်မျိုးကို ဖန်တီးခဲ့ကြောင်း သိရှိရသည်။
လီဗာပူးတက္ကသိုလ်ရှိ သုတေသီများက Chemeleon အမည်ရှိ ဗိုင်းရပ်စ်သည် ရာသီဥတုအေးကာ လူဦးရေထူထပ်သော နေရာများတွင် ပိုမိုပျံ့ နှံ့ကြောင်း ပြောကြားခဲ့သည်။
အဆိုပါ ဗိုင်းရပ်စ်သည် access point များမှတဆင့် ကွန်ယက်တစ်ခုမှ တစ်ခုသို့ ကူးစက်ပျံ့နှံ့ပြီး အိမ်နှင့် လုပ်ငန်း များသို့ အဆက်မပြတ် ပျံ့ နှံ့ ဝင်ရောက်နိုင်သည်။ အဆိုးဆုံး အခြေအနေအရ ၎င်းဗိုင်းရပ်စ်သည် ခြေရာခံမှုကို ရှောင်လွှဲနိုင်သလို password နှင့် encryption များဖြင့် မကာကွယ်ထားသော wireless access point များကို ရှာဖွေနိုင်သည်။ သုတေသနအဖွဲ့အနေဖြင့် စမ်းသပ်ခန်းတွင် London နှင့် Belfast မြို့များ တိုက်ခိုက်ခံရသည့် ပုံစံဖြင့် စမ်းသပ်ခဲ့ပြီး Chameleon ဗိုင်းရပ်စ်သည် လေထဲတွင်ပျံ့ နှံ့နိုင်ပြီး access point များမှတဆင့် Wi-Fi ကွန်ရက်များကို ဝင်ရောက်နိုင်ကြောင်း တွေ့ရသည်။
ထို့အပြင် ၎င်းသည် အင်တာနက်နှင့် ကွန်ပျူတာများပေါ်တွင် ဗိုင်းရပ်များ ရှာဖွေသည့် လက်ရှိ antivirus ပရိုဂရမ်များဖြင့် ရှာဖွေ၍မရပေ။ သို့သော်လည်း အဆိုပါ ဗိုင်းရပ်စ်သည် လုံခြုံစွာ ကာကွယ်ထားသည့် ကွန်ရက်များတွင် ဝင်ရောက်နိုင်ခြင်းမရှိကြောင်း သိရသည်။
Wednesday, March 4, 2015
mpt
ဆွသဟာအစီအစဉ် အင်တာနက်သုံးစွဲမှု ထက်ဝက်လျှော့ချ
Byထက်အာကာOn Tue, 2015-03-03 16:06Location ရန်ကုန်Issue No.No.671 Tuesday, March 3, 2015
မြန်မာ့ဆက်သွယ်ရေး လုပ်ငန်း၏ ဆွေသဟာအစီအစဉ် သုံးစွဲသူများအတွက် မတ်လ ၄ ရက်မှ လကုန်အထိ အင်တာနက် အသုံးပြုခတစ်ဝက်လျှော့ချလိုက် ကြောင်း သတင်းရရှိသည်။
ဆွေသဟာအစီအစဉ်သုံးစွဲ သူများအား ယခင်က အင်တာနက်အသုံးပြုခကို 1MB လျှင် ၁၅ ကျပ်နှုန်းဖြင့် ကောက်ခံနေမှုအား မတ် လအတွင်း 1MB လျှင် ၇ ကျပ် ပြား၅၀ ဖြင့် လျှော့ချကောက်ခံမည် ဖြစ်သော်လည်း ဖုန်းပြောခကို တစ်မိနစ် ၃၅ ကျပ်၊ မက်ဆေ့ခ်ျတစ် စောင် ၁၅ ကျပ်နှုန်းဖြင့် ဆက် လက်ကောက်ခံမည်ဟု မြန်မာ့ ဆက်သွယ်ရေးလုပ်ငန်းစီးပွားရေး ဌာန ညွှန်ကြားရေးမှူး ဦးစောထူး သာက ပြောသည်။
‘‘ဒီလိုပရိုမိုးရှင်းတွေ ထပ် ထပ်ပေးသွားဖို့ရှိပါတယ်။ လက်ရှိ ပေးထားတဲ့ Package တွေကို လည်း သုံးစွဲသူတွေ ကောင်းကောင်းနားမလည်သေးတော့ ကောက်ခံ မှုနှုန်းထားဈေးကြီးနေတယ်လို့ ထင်နေကြတယ်’’ဟု ၎င်းကပြောသည်။
ဂျပန်ကုမ္ပဏီနှစ်ခုနှင့် ပူး ပေါင်းထားသည့် မြန်မာ့ဆက် သွယ်ရေးလုပ်ငန်းသည် ဇန်န၀ါရီ ၁၂ ရက်က ဖုန်းပြောဆိုခ တစ်မိနစ် ၃၅ ကျပ်၊ အင်တာ နက်အသုံးပြုခ 1MB လျှင် ၁၅ ကျပ်နှုန်းဖြင့် ကောက်ခံသည့် ဆွေသဟာအစီအစဉ်ကို မိတ်ဆက်ခဲ့ သည်။ ဆွေသဟာအစီအစဉ်သုံး စွဲသူများအနေဖြင့် Voice Pack-age နှင့် Internet Package တို့ကိုရွေးချယ်ဝယ်ယူနိုင်သည်။ Voice Package သည် ရက် ၃၀ အတွင်း မိနစ် ၄၈၀ ဖုန်းပြောဆိုနိုင်ပြီး တစ်သောင်းနှစ်ထောင်ကျပ်ပေး ဆောင်ရမည် ဖြစ်သည်။ Internet Pack-age မှာ 400MB ကို ငါးထောင် ကျပ်နှင့် 1GB ကို တစ်သောင်းကျပ်ဟူ၍ နှစ်မျိုးရွေးချယ်ခွင့်ပေးထား သည်။
ထို့ပြင် ဆွေသဟာအသုံးပြု သူများအနေဖြင့် မိမိနှစ်သက်ရာ ဖုန်းနံပါတ် ၃ခုအား ရွေးချယ်ကာ တစ်မိနစ် ၂၅ ကျပ်ဖြင့် ပြောဆို နိုင်သည်။ Voice Package ကို ရယူထားသူများမှာမူ မည်သည့် ဖုန်းကိုမဆို ၂၅ ကျပ်ဖြင့် ပြောဆို နိုင်သည်ဟု မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းက သတင်းထုတ်ပြန်ထား သည်။
ဆွေသဟာအစီအစဉ်မိတ် ဆက်ခဲ့သည့် ၂ လအတွင်း အသုံးပြုသူဦးရေမှာ လေးသန်းကျော်ရှိနေပြီဖြစ်ပြီး ဆွေသဟာအစီအစဉ် အသုံးမပြုသူများအား တစ်မိနစ် ဖုန်းပြောဆိုခ ၅၀ ကျပ်၊ မက်ဆေ့ခ်ျတစ်စောင် ၂၅ ကျပ်၊ အင်တာနက်အသုံးပြုခ တစ်မိနစ်လျှင်လေး ကျပ်နှုန်းဖြင့် ကောက်ခံလျက်ရှိ ကြောင်း သိရသည်။
အခြားဆက်သွယ်ရေးအော် ပရေတာနှစ်ခုဖြစ်သည့် အူရီးဒူးမြန်မာမှာ တစ်မိနစ်ဖုန်းပြောဆိုခ ၂၅ ကျပ်၊ အင်တာနက်အသုံးပြုခ 1MB လျှင် ၇ ကျပ် ၈၀ ပြား၊ မက် ဆေ့ခ်ျတစ်စောင် ၁၅ ကျပ်နှုန်းဖြင့် ကောက်ခံနေပြီး တယ်လီနောမြန် မာမှာ တစ်မိနစ်ဖုန်းပြောဆိုခ ၂၅ ကျပ်၊ အင်တာနက်အသုံးပြုခ 1MB လျှင် ၆ ကျပ် (Smart Inter-net = 1MB လျှင် ၁၀ ကျပ်)၊ မက် ဆေ့ခ်ျတစ်စောင် ၁၅ ကျပ်နှုန်းဖြင့်ကောက်ခံနေသည်

Sunday, March 1, 2015
Subscribe to:
Posts (Atom)
ရုင်ရှင်ကောင်းကောင်းကြည့်ချင်သူများအတွက်
click to see
-
all people myanmar ebook not payment online reading and download book your reading computer ebook Download Ebook ebook software use from ...
-
ဥပုသ်နေ့ အခါသမယ လေးမှာ စိတ်ကြည်လင်အေးချမ်းလို့ တရားဓမ္မကို မမေ့မလျော့ ကျင့်ကြံအားထုတ်နိုင်စေဖို့ အူရီဒူးမှ ဆုမွန်ကောင်းတောင်း မေတ္တာပို့သလိုက်...
-
ဆွသဟာအစီအစဉ် အင်တာနက်သုံးစွဲမှု ထက်ဝက်လျှော့ချ Byထက်အာကာOn Tue, 2015-03-03 16:06Location ရန်ကုန်Issue No.No.671 Tuesday, March 3, 2015 မြန...