Thursday, September 1, 2016
Tuesday, November 10, 2015
ချင်းပြည်နယ်က ရလဒ်တချို့ အပြောင်းအလဲ
မနေ့ညဦးပိုင်းကထုတ်လွှင့်တုန်းက ချင်းပြည်နယ်မှာ အမျိုးသား လွှတ်တော် ၁၂ နေရာလုံး ကို NLD က နိုင်နေပြီလို့ ထုတ်လွှင့်ခဲ့ပါတယ်။
ဒါပေမဲ့ ညသန်းခေါင်လောက် ဆက်သွယ်မေးမြန်းတော့ အမျိုးသား လွှတ်တော်မှာ ဇိုမီး ဒီမိုကရေစီ အဖွဲ့ချုပ်က ၂ နေရာ အနိုင်ရပါတယ်။
ကြံ့ခိုင်ဖွံ့ဖြိုးရေးက ၁ နေရာ အနိုင်ရပါတယ်။
ပြီးတော့ ပြည်သူ့လွှတ်တော်နဲ့ ပြည်နယ်လွှတ်တော် အတွက်လည်း တချို့ရလဒ်တွေ ထွက် နေပါပြီလို့ ချင်းဝေါလ်က သတင်းထောက်ချုပ် ကိုဆလိုင်းကျော်မိုးက ရှင်းပြပါတယ်

Sunday, September 6, 2015
>>>> Router ကို Setting ချပြီး WiFi ပြန်လွှင့်နည်း <<<<
မင်္ဂလာပါ... Router တစ်လုံးကို Setting ချနည်းကို ရေးသားဖော်ပြပေးလိုက်ပါတယ်... အဓိကကတော့ ကြိုးဖုန်းဖြင့် MPT က အင်တာနက်လိုင်းကို သုံးသူများ၊ CPE ဖြင့် WiFi လွှင့်ရောင်းသူများမှ ၀ယ်သုံးနေတဲ့သူ (အိမ်သုံးသမား)၊ လက်ဖေ့ရည်ဆိုင်၊ ကိုယ်ပိုင်စီးပွားရေး လုပ်ငန်းများတွင် ၀န်ဆောင်မှုအနေဖြင့် WiFi လွှင့်ပေးချင်သူများ အဆင်ပြေအောင် ရည်ရွယ်ရေးပေးထားပါတယ်။ ယခု Post ကိုလေ့လာယုံနှင့် Router တစ်လုံးကို ကိုယ်တိုင် Setting ချပြီး WiFi လွှင့်တတ်သွားမှာပါ။ လိုအပ်တာကတော့ အင်တာနက်ရရှိနေတဲ့ Network ကြိုးတစ်ချောင်းနှင့် Router တစ်လုံးပဲလိုအပ်ပါတယ်။
ဒီ Post မှာတော့ ပုံတွေလည်းများပြီး ရှည်နေသည့်အတွက် အိမ်သုံးသမားများနှင့် မိမိ လက်ဖေ့ရည်ဆိုင်နှင့် အခြားစီးပွားရေးလုပ်ငန်းများတွင် WiFi လွှင့်ပေးချင်သူများအတွက် အဆင်ပြေအောင် အဓိကထားရေးပေးလိုက်ပါတယ်။ နောက် Post မှာတော့ CPE ဖြင့် WiFi လွှင့်ရောင်းသူများထံမှ ၀ယ်သုံးနေတဲ့သူများအတွက် အချို့လိုင်းများ MAC @ IP Binding လုပ်ထားသဖြင့် (မိမိကွန်ပျူတာ MAC နှင့် IP ကို တွဲပေးထားခြင်း) မိမိကွန်ပျူတာတွင် Network ကြိုးထိုးမှ အင်တာနက်လိုင်းရရှိသူများအတွက် Router ကို MAC Clone ချိတ်နည်း၊ IP @ MAC Binding တွဲပြီး WiFi လွှင့်နည်း၊ MAC Filtering လုပ်နည်း၊ MAC Binding တွဲပြီး လွှင့်သော အင်တာနက်လိုင်းများကို CPE မှာ MAC Clone ပြီးချိတ်နည်းတို့ကို ထပ်မံရေးသားပေးထားပါသည်။ (
Publish မလုပ်ရသေးပါ )
အရင်ဆုံး ဆက်သွယ်ရေးက ချပေးတဲ့ Moden နဲ့Splitter တပ်ဆင်ပုံလေးကိုပြောပါ့မယ်။
Moden က ထွက်လာတဲ့ lan ကြိုးကို Router ရဲ့ Lan အပေါက် အ၀ါမှာထိုးပါ။ အာက်ကပုံလေးမှာပြထားပါတယ်။ ဖုန်းကြိုးကိုတော့ Splitter ဘူးရဲ့ တစ်ပေါက်ထဲရှိတဲ့ ဘက်မှာတပ်ပါ။ နှစ်ပေါက်ပါတဲ့ ဘက်က moden ဆိုအပေါက်မှာ ဖုန်းကြိုး တစ်ချောင်းကို တပ်ပါ ကျန်တစ်ဖက်ကိုတော့ Moden ရဲ့ ဖုန်းလိုက်ပေါက်မှာတပ်ပါ။ ကျန်တစ်ပေါက် မှာ ဖုန်းဆိုတဲ့ အပေါက်လေးလွတ်နေပါအုံးမယ် အဲဒီမှာ အိမ်က ကြိုးဖုန်းလည်း သုံးအုံးမယ်ဆိုရင်တော့ ဖုန်းကြိုးကို တပ်ပြီး ဖုန်းပါထိုးနိုင်ပါတယ်။
Lan ကြိုးကို Lan အပေါက် အ၀ါ မှာတပ်ပြီး ကျန်ကြိုးတဖက်ကို ကွန်ပြူတာမှာတပ်ပါ။ အပြာကတော့ Wan ပါ ဆက်သွယ်ရေးကချပေးတဲ့ Moden က ထွက်လာတဲ့ Lan Cable ကို တပ်ရမှာပါ။ Router ဘူးခွံရဲ့ တစ်နေရာရာမှာ ပါမယ်ထင်ပါတယ်။ USer Name = admin Password = admin IP Address = 192.168.0.1
ဘာကြောင့်ဖော်ပြပေးတာလည်းဆိုတော့ သူ့ရဲ့ Defaults ဆိုတာကို သိစေချင်လို့ပါ။ Firefox ကို ဖွင့်ပါ (အခြား Browser လည်းရပါတယ်) Router ရဲ့ IP ကို ရိုက်ပါမယ်။ သဘောကတော့ Router, CPE ထဲကိုဝင်ချင်ရင် သူ့ရဲ့ IP ကို ရိုက်ထည့်ရပါတယ်။ ပထမဆုံးပုံမှာပြထားတဲ့ အတိုင်း User Name = admin / Password = admin ကိုရိုက်ဝင်ရပါမယ်။့ ခါ သူရဲ့ Page Setting ကိုရောက်ပါလိမ့်မယ်။ ဘာကြောင့် admin ရိုက်ရလည်းဆိုတော့ သူရဲ့မူရင်း Default မှာပြထားလို့ဖြစ်ပါတယ်။ Page Setting ကိုရောက်ပြီဆိုရင်တော့ နှစ်ပိုင်းခွဲမှတ်လိုက်ပါခင်ဗျာ။ အလွယ်ပေါ့နော် WAN နဲ့ LAN ပေါ့ဗျာ :D
Lan ပိုင်းကိုပြောပါ့မယ် အဲဒါကတော့ Router တွေ့ရဲ့ Default IP ပါ။ Router ထဲကို ၀င်တုန်းက ရိုက်ခဲ့တဲ့ IP 192.168.0.1 ဆိုလိုပါတယ်။ မိမိကြိုက်တဲ့ IP ကို ပြောင်းလဲသတ်မှတ်ခွင့်ရပါတယ်။ သတိထားရမှာ တစ်ခုက Lan နဲ့ Wan IP တူနေလို့မရပါဘူး။ Eg. Wan က ဆက်သွယ်ရေးက ချပေးတဲ့နံပါတ်ပါ။ Gateway က အဓိကပါ။ ကိုယ့်ကိုချပေးတဲ့နံပါတ်ကို ဥပမာအနေနဲ့ပြပါ့မယ်။
ip address =192.168.1.2 subnet mask = 255.255.255.248 default gateway = 192.168.1.1
primary dns = 203.81.64.18 secondary dns = 203.81.64.19
Wan ရဲ့ default gateway 192.168.1.1 ဆိုရင် Lan ရဲ့ IP ကိုလွဲပေးလိုက်ပါ။
Lan ကို 192.168.0.1 ပေါ့ခင်ဗျာ ဒါမှမဟုတ် 192.168.10.100 ကြိုက်တာပေးလို့ရပါတယ်။ ဒါဆိုရင်တော့ နောက်တစ်ခါ Router ထဲကို ပြန်ဝင်ချင်တယ်ဆိုရင်တော့ မိမိပြောင်းလိုNetwork မှတဆင့် Internet Access ကိုနှိပ်ပါ။ Wan only ကိုရွေးပြီး Save လုပ်ပါ။ Wan connection Type မှာ Static IP ကို ရွေးပေးပါ။ IP Address, Sub Mark, Default Gateway, DNS တွေကို ဖြည့်ပေးပြီး Save ပါ။ (MPT ကချပေးတဲ့ IP တွေကိုဖြည့်ပေးရမှာပါ) Wan အပိုင်းတော့ပြီးပါပြီ။ Router ထဲသို့ အင်တာနက်ရောက်မရောက်ကို သိရအောင် Status မှာ Page ရဲ့အောက်ဆုံး Teaffic Statistic မှာ ကြည့်နိုင်ပါတယ်။ Received မှာ ပြပြီဆိုရင်တော့ ok ပါပြီ။
Router ထဲကို အင်တာနက်ရောက်ပြီဆိုတော့ ပြန်လွှင့်ဖို့အတွက် Wireless အပိုင်းကို ဆက်ပါမယ်။
WIRELESS ********* WiFi လွှင့်ဖို့အတွက် Wireless ကို Setting ထည့်ပါမယ်... Wireless ကိုနှိပ်ပါ။
SSID မှာ မိမိအသုံးပြုလိုတဲ့ နာမည်ကို ထည့်ပြီး SAVE ပါ။ wifi လေးပါ တစ်ခါထဲလွှင့်ချင်တယ် ဆိုရင်တော့ Enable wireless Router Radio ဆိုတဲ့ဘေးနားကအမှတ်လေးကိုခြစ်ပေးလိုက်ပါ။
SAVE ကိုနှိပ်လိုက်တဲ့အခါ အပေါ်မှာပြထားသည့်ပုံအတိုင်း မြင်ရပါလိမ့်မယ်။ Click Here ကိုနှိပ်ပါ။
Reboot ကိုနှိပ်ပါ။
အပေါ်မှာပြထားသည့်ပုံအတိုင်း Restarting လုပ်ပါလိမ့်မယ်။
ပြန်တက်လာတဲ့အခါ Page Setting မှ Wriless မှာ မိမိပြောင်းလည်းလိုက်တဲ့ နာမည်ကို ပြောင်းလည်းပြီး မြင်တွေ့ရမှာပါ။
ကွန်ပျူတာရဲ့ Wireless ကို ဖွင့်ကြည့်လိုက်ပါဦး။ အပေါ်ပုံမှာ ပြထားသလို မိမိနာမည်နဲ့ Wifi လိုင်းလွှင့်ပြီး ဖော်ပြပေးနေပါလိမ့်မယ်။ Security အတွက် ဘာ Password မှ မထည့်ထားရသေးတော့ ( ? ) ပုံလေးနဲ့ ပြနေမှာပါ။ Password ထည့်လွှင့်ဖို့ Setting ဆက်ထည့်ပါမယ်။
Wireless ကို နှိပ်ပါ။
Security Settings ကိုနှိပ်ပါ။
မြှား (၁) မှာပြထားတဲ့ Version မှာ WPA2 PSK ကိုရွေးပေးပါ။ မြှား (၂) Encryption မှာ Automatic အတိုင်းထားလည်းရပါတယ်။ မြှား (၃) PSK Password မှာ မိမိ အသုံးပြုလိုတာ ထည့်ပါ။ အနည်းဆုံး အက္ခရာ သို့မဟုတ် နံပါတ် ဒါမှမဟုတ် အက္ခရာ + နံပါတ် + လက္ခဏာပါ ပေါင်းပြီးထည့်ပေးလို့ရပါတယ် အနည်းဆုံး ( ၈ ) လုံးတော့ထည့်ပေးပါ။ ပြီးသွားရင် Save လုပ်ပါ။
Save နှိပ်လိုက်ပါက အပေါ်ကပုံအတိုင်း တွေ့ရမည်ဖြစ်ပြီး မြှားပြထားသည့် Click Here ကို နှိပ်ပါ။
Reboot ကို ထပ်နှိပ်ပါ။
Restarting လုပ်ပါလိမ့်မယ်။ ခဏဆောင့်ပေးပါ။
ပြန်တက်လာတဲ့ အခါမှာ ကွန်ပျူတာက WiFi ကို ကြည့်လိုက်ပါက အပေါ်မှာ ပြထားသည့်ပုံအတိုင် Security Type မှာ WPA2-PSK လို့ပြောင်းလည်းဖော်ပြနေပါလိမ့်မယ်။ ============================================ ဒီနေရာမှာ တစ်ခုပြောချင်တာက Router ကို ၀င်တဲ့ IP က WiFi လိုင်းကိုဝင်ချိတ်သုံးယုံနဲ့ သိတာပေါ့နော်။ IP ကို သိလို့ Router ကို ၀င်ရင် User Name နဲ့ Password ကို မူရင်းအတိုင်း admin ထားမယ်ဆိုရင် ကိုယ့် Router ထဲ ၀င်ချင်တိုင်း ၀င်လို့ရသွားပြီပေါ့။ အဲ့တော့ ကျွန်တော်တို့ Router ထဲ ၀င်တဲ့ User Name နဲ့ Password ကို ပြောင်းပါမယ်။ ============================================
Maintenance ကို နှိပ်ပါ။
System Tools မှတဆင့် Password ကို နှိပ်ပါ။
ပုံမှာပြထားသည့်အတိုင်း Old user Name မှာ အရင်သုံးခဲ့တဲ့ admin Old Password မှာ အရင်သုံးခဲ့တဲ့ admin New တွေမှာတော့ မိမိအသစ်သုံးလိုတာကို ဖြည့်ပေးလိုက်ပြီး Save လုပ်ပါ။
ဒီအတိုင်းပြန်တက်လာပြီး အသစ်ပြုလုပ်လိုက်တဲ့ User Name နဲ့ Password ကို အသုံးပြုနိုင်ပါပြီ။
Router ကို အင်တာနက်ရရှိစေပြီး WiFi လည်း ပြန်လွှင့်ပေးပြီးပါပြီ။ ကြိုးဖြင့်လည်း အသုံးပြုနိုင်ပါပြီ။
(လိုအပ်တာများရှိရင်လည်း အကြံပေးနိုင်ပါတယ်ခင်ဗျာ)
===================================================== =================== ဒီ Post မှာတော့ ပုံတွေလည်းများပြီး ရှည်နေသည့်အတွက် အိမ်သုံးသမားများနှင့် မိမိ လက်ဖေ့ရည်ဆိုင်နှင့် အခြားစီးပွားရေးလုပ်ငန်းများတွင် WiFi လွှင့်ပေးချင်သူများအတွက် အဆင်ပြေအောင် အဓိကထားရေးပေးလိုက်ပါတယ်။ နောက် Post မှာတော့ CPE ဖြင့် WiFi လွှင့်ရောင်းသူများထံမှ ၀ယ်သုံးနေတဲ့သူများအတွက် အချို့လိုင်းများ MAC @ IP Binding လုပ်ထားသဖြင့် (မိမိကွန်ပျူတာ MAC နှင့် IP ကို တွဲပေးထားခြင်း) မိမိကွန်ပျူတာတွင် Network ကြိုးထိုးမှ အင်တာနက်လိုင်းရရှိသူများအတွက် Router ကို MAC Clone ချိတ်နည်း၊ IP @ MAC
Binding တွဲပြီး WiFi လွှင့်နည်း၊ MAC Filtering လုပ်နည်း၊ MAC Binding တွဲပြီး လွှင့်သော အင်တာနက်လိုင်းများကို CPE မှာ MAC Clone ပြီးချိတ်နည်းတို့ကို ထပ်မံရေးသားပေးထားပါသည်။ ( Publish မလုပ်ရသေးပါ )
ယခု Post လေးကို ကျွန်တော့် Blog မိတ်ဆွေများအနေဖြင့် Facebook တွင် ရှယ်ပေးကြဖို့ တောင်းဆိုပါတယ်။ (ယခု Post ကို သိထားပြီမှသာ နောက် Post ကို ဖတ်ရှု့ဖို့ အဆင်ပြေမှာပါ )

Antivirs Testing
ကဲ...မိမိတို့ရဲ့စက်မှာ တင်ထားတဲ့ Antivirus ဟာ Virus တွေကို ကောင်းကောင်းစောင့်ကြည့်ပြီး ဖျက်ဆီးပေးနိုင်ရဲ့လား ဆိုတာစစ်ဆေးမယ့်နည်းလမ်းလေးပါ..ဘယ်လို စစ်ဆေးမလဲဆိုရင် Notepad
နဲ့ Bat Files လေးတစ်ခုရေးပါမယ်..အရင်ဆုံး အောက်မှာပေးထားတဲ့ ကုဒ်တွေကို Notepad ထဲသို့ကူးထည့်
လိုက်ပါ.
X5O!P%@AP[4\PZX54(P^)7CC)7}$EICAR-STANDARD-ANTIVIRUS-TEST-FILE!$H+H*
Notepad ထဲသို့ကူးထည့်ပြီးပြီဆိုရင် virustest.bat ဆိုပြီး နာမည်ပေးကာ Desktop ပေါ်သို့ Save လုပ်ပါ
( virustest.bat လို့နာမည်ပေးရမှာနော်.. virustest.txt ဆိုပြီးနာမည်ပေးရမှာမဟုတ်ပါဘူး ) .. Save
လုပ်ပြီးလို့ ခဏအတွင်းမှာဘဲ မိမိရဲ့ Antivirus ဟာ Desktop ပေါ်မှာ Save လုပ်ထားတဲ့ virustest.bat ဆိုတဲ့
ဖိုင်ကို Virus Files အဖြစ် သတိပေးပြီး သတ်ပစ်ခိုင်း / သတ်ပစ်ပါလိမ့်မယ်..ဒါဆိုရင်တော့ မိမိရဲ့ Antivirus
ဟာ ကောင်းကောင်းအလုပ်လုပ်တယ်လို့သတ်မှတ်နိုင်ပါတယ်..အားလုံးဘဲ ဗဟုသုတ တိုးပွားကြပါစေခင်မျာ... :-)

Sunday, August 16, 2015
DOTA2 IS WINNER TEAM
2015
Evil Geniuses
Clinton “Fear” Loomis
Syed “Suma1l” Hassan
Saahil “UNiVeRsE” Arora
Kurtis “Aui_2000″ Ling
Peter “ppd” Dager
There were more great stories and incredible games at The International than we can possibly recount. If you’d like to relive the action, head to The International site, where you’ll find replays for every game. You can also check out photos and videos from the event on Flickr and at our media page.Evil Geniuses
Clinton “Fear” Loomis
Syed “Suma1l” Hassan
Saahil “UNiVeRsE” Arora
Kurtis “Aui_2000″ Ling
Peter “ppd” Dager
We’d like to thank all of the teams, and everyone in the Dota community for helping to bring year’s tournament to life. Like you, we look forward to The International every year, and without you this amazing event wouldn’t be possible.
Saturday, June 27, 2015
Fast & Furiois
ဟောလီးဝုဒ် သရုပ်ဆောင်တွေဖြစ်ကြတဲ့ Vin Diesel ၊ Michelle Rodriguez ၊
Tyrese Gibson နဲ့ Jason Statham တို့ဟာ Universal Studios Hollywood က
ပြုလုပ်တဲ့ Fast & Furiois ပုံစံ ရွေ့လျား 3D ရုပ်ရှင် ဖွင့်ပွဲ တက်ရောက်ပြီး စမ်းသပ်ကြည့်ရှုခဲ့ကြပါတယ်။
အဂါင်္နေ့ကပြုလုပ်တဲ့ ထို မိတ်ဆက်ပွဲစဉ်မှာတော့ Fast & Furious သရုပ်ဆောင်တွေဟာ ရုပ်ရှင်ဖြစ်မြောက်အောင် ဖန်တီးသူများ ၊ ထုတ်လုပ်ရေး အမှုဆောင်များနဲ့ အတူ Fast & Furious Supercharged ကို စမ်းသပ်ကြည့်ရှုခဲ့ကြတာပဲ ဖြစ်ပါတယ်။
Fast & Furious Superchared ဟာ ဘတ်စ်ကား တစ်စီးပေါ်မှာ ကြည့်ရှုသူတွေကို ရှိနေစေပြီး ၃၆၀ ဒီဂရီ ရှိတဲ့ မျက်နှာပြင်များနဲ့ ၀န်းရံထားကာ hologramနည်းပညာ နဲ့ မူလ ဇာတ်လမ်းကို အခြေခံထားတဲ့ ဇာတ်ကောင်တွေရဲ့ 3D ပုံရိပ်တွေနဲ့ Fast & Furious ဇာတ်ဝင်ခန်းထဲကိုယ်တိုင်ရောက်ရှိသွားသလို ခံစားနိုင်စေရန် ဖန်တီးပြုလုပ်ထားတာဖြစ်ပါတယ်။
ပထမဆုံး အကြိမ် စမ်းသပ်ကြည့်ရှုခဲ့ပြီးတဲ့နောက်မှာ Vin Diesel က "Wow အရမ်းမိုက်ပါတယ်။ ဒါဟာ တစ်ကယ် ကို အမှတ်ရစရာပါ ၊ ကျွန်တော် တွေ့ဖူးသမျှ တွေနဲ့ လုံးဝမတူပါဘူး ။ ဒါကို ကြည့်ပြီးသွားတဲ့သူတိုင်းက နောက်တစ်ခါထပ်လုပ်လို့ရမလား လို့ မေးစရာပါ " လို့ မှတ်ချက်ပြုခဲ့ပါတယ်။
Vin Diesel က ထို 3D ရုပ်ရှင်ကို သူ့ရဲ့သားဖြစ်သူနဲ့အတူကြည့်ခဲ့တဲ့အခါမှာ သူ့ရဲ့သားက " အဖေ ကို ၂ ယောက်စာတွေ့လိုက်ရတယ်။ ဒါမျိုးတစ်ခါမှ မတွေ့ခဲ့ဖူးဘူး" လို့ Vin Diesel ကိုပြောခဲ့ပါတယ်တဲ့။

Wikipedia ရဲ့ ပုံနှိပ်ဗားရှင်း ကို ဒေါ်လာ ၅ သိန်း နဲ့ ရောင်းမည်
အွန်လိုင်း စွယ်စုံ ကျမ်း တစ်ခုဖြစ်တဲ့ Wikipedia ရဲ့ ပုံနှိပ် ဖော်ပြထားတဲ့ ဗားရှင်း တစ်ခုကို ဒေါ်လာ ၅၀၀၀၀၀ နဲ့ ရောင်းချသွားမယ်လို့ သိရပါတယ်။
အကြောင်းအရာပေါင်း ၁၁.၅ သန်း ပါဝင်တဲ့ ထို ဧရာမ စာအုပ်ဟာ
ပုံနှိပ်ဖော်ပြနိုင်ဖို့အတွက် 11GB ပမာဏ ရှိတဲ့ ဒစ်ဂျစ်တယ် ဖိုင်တွေကို
စုစည်းခဲ့ရပါတယ်။
ထိုစာအုပ်ကိုတော့ Wikipedia ရဲ့ အယ်ဒီတာ တစ်ယောက်ဖြစ်တဲ့ Michael Mandiberg
က ဖန်တီး ခဲ့တာ ဖြစ်ပြီး နယူးယော့ခ်မြို့က Denny ပြခန်းမှာ ကျင်းပတဲ့
ပြပွဲ တစ်ခုမှာ ခင်ကျင်းရောင်းချနိုင်ဖို့အတွက် အွန်လိုင်း ဆိုက် ကို
ပုံနှိပ်စာအုပ်တစ်ခုအပြင် ပြောင်းလဲနိုင်မယ့် ဆော့ဝဲလ်ကိုလည်း Michael
Mandiberg က ပဲ တီထွင်ခဲ့တာဖြစ်ပါတယ်။ ထို စာအုပ်မှာတော့ စာမျက်နှာပေါင်း ၅
သန်းကျော်ပါဝင်မယ် လို့ သိရပါတယ်။
"wikipedia ရဲ့ အကြောင်းအရာတွေ ကို ပိုပြီးစိတ်ဝင်စားလာအောင် နဲ့
သုတစွယ်စုံကျမ်းတစ်ခုကို စာအုပ်တစ်ခုအသွင်ပြောင်းဖို့
မဖြစ်နိုင်တာကိုကောလုပ်ပြခဲ့တာဖြစ်ပါတယ်။ စာအုပ်တစ်အုပ်ရောင်းပြီးတိုင်း
နောက်ထပ်ဝယ်လို့မရနိုင်တော့ပါဘူး ၊ ကုန်သွားပါပြီ" လို့ Mandiberg က
ဆိုပါတယ်။
ထို ဧရာမစာအုပ်ကိုတော့ စာအုပ်တွေရောင်းချတဲ့ ၀က်ဘ်ဆိုက်ဖြစ်တဲ့ Lulu.com
ကတစ်ဆင့် ရောင်းချသွားမှာ ဖြစ်ပါတယ်။ ထို စာအုပ်ကို ၀က်ဘ်ဆိုက်ပေါ်တင်နေတဲ့
ကြာချိန်က ၂ ပတ်ခန့် ကြာမြင့်မှာ ဖြစ်ပါတယ်။
ဒေါ်လာ တစ်သန်း ရဲ့ တစ်ဝက် ရှိတဲ့ ငွေကြေးပမာဏ ကို
သုံးစွဲနိုင်မယ်ဆိုရင်တော့ စာအုပ်ပေါင်း ၇၅၀၀ တွဲထားတဲ့ သုတစွယ်စုံကျမ်း
စာအုပ်ကြီးကို ရရှိမှာ ဖြစ်ပါတယ်။ ကိုယ့်ဘာသာကိုယ် အိမ်မှာ
ပုံနှိပ်ကြည့်မယ်ဆိုရင်တောင် စာရွက်ဖိုးနဲ့တင် စတာလင်ပေါင် ၅၀၀၀၀
လောက်ကျသင့်နေမှာ ဖြစ်ပါတယ်။
အကယ်၍ သင်ဟာ စာအုပ်ပေါင်း ၇၅၀၀ လုံးကို ၀ယ်ယူဖို့မတတ်နိုင်ပဲ
တစ်အုပ်ချင်းသာ ၀ယ်ယူချင်တယ်ဆိုရင်တော့ ထို ၀က်ဘ်ဆိုက်မှာပဲ တစ်အုပ်ကို
ဒေါ်လာ ၈၀ နဲ့ ရောင်းချမှာ ဖြစ်တယ်လို့ သိရပါတယ်။
Subscribe to:
Posts (Atom)
ရုင်ရှင်ကောင်းကောင်းကြည့်ချင်သူများအတွက်
click to see
-
ဆက်သွယ်ရေးအော်ပရေတာ တစ်ခုဖြစ်သည့် Ooredoo Myanmar သည် လက်ရှိအချိန်၌ ကိုယ်ပိုင်အင်တာနက် ဆက်ကြောင်းအသစ်တစ်ခုကို တည်ဆောက်နေကြောင်း အဆိုပါ ဆက်သ...
-
WordPress အခြေခံအတွက် အလွယ်ဆုံးလုပ်နည်းလေးပါ။ ရေးသားသူက ကိုဇူးဇူးအောင် ဖြစ်ပါတယ်။ အဲ့စာအုပ်လည်း လူတွေအလွယ်တကူနားလည်တဲ့အတွက် ကျွန်တော်ပြန်ြ...
-
download ebook